မလေးရှားမှာ ဒေါ်လာ ကိုးသန်းဖိုးရှိ အာဖရိက သင်းခွေချပ် အကြေးခွံ တန်ချိန် သုံးတန်နီးပါးကို မီးရှို့ဖျက်ဆီး

မလေးရှားမှာ ဒေါ်လာ ကိုးသန်းဖိုးရှိ အာဖရိက သင်းခွေချပ် အကြေးခွံ တန်ချိန် သုံးတန်နီးပါးကို မီးရှို့ဖျက်ဆီး
Photo: AFP

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၇ ။         ။ အာဖရိကမှ တရားမဝင် တောရိုင်းတိရစ္ဆာန် မှောင်ခိုကူးမှုတွေ ဝင်ရောက်နေတာကို ဟန့်တားရေးအတွက် မလေးရှားနိုင်ငံဟာ ဖမ်းဆီးရမိထားတဲ့ အမေရိကန်ဒေါ်လာ ကိုးသန်း တန်ဖိုးရှိ သင်းခွေချပ် အကြေးခွံပေါင်း တန်ချိန် သုံးတန်နီးပါးကို ကြာသပတေးနေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့ နယ်စပ်တွေမှာ ဒီလို သင်းခွေချပ်တွေကို မှောင်ခိုခိုးသွင်းမှုတွေ ထူပြောအဖြစ်များနေပြီး နိုင်ငံအနေနဲ့ နှိမ်နင်းနိုင်ရေး လုံးပမ်းနေရတာ ဖြစ်ပါတယ်။ ပုရွတ်ဆိတ်စား နို့တိုက်သတ္တဝါဖြစ်တဲ့ သင်းခွေချပ်တွေရဲ့ အကြေးခွံဟာ တရုတ်တိုင်းရင်းဆေးအတွက် အလွန်တန်ဖိုးရှိနေတာလည်း ဖြစ်ပါတယ်။

“ဒီလို ပမာဏများများ ဖမ်းဆီးရမိထားတဲ့ သင်းခွေချပ်အကြေးခွံတွေကို မီးရှို့ဖျက်ဆီးပစ်တာဟာ မှောင်ခိုဂိုဏ်းတွေကို အပြတ်နှိမ်နင်းမယ်ဆိုတာကို ဖော်ပြလိုက်တာလည်း ဖြစ်ပါတယ်။”လို့ တောရိုင်းတိရစ္ဆာန်နှင့် အမျိုးသားဥယျာဉ်ဌာန ညွှန်ကြားရေးမှူးချုပ် ကာဒါးအဘူက အေအက်ဖ်ပီကို ပြောပါတယ်။

ခု မီးရှို့ဖျက်ဆီးတဲ့ သင်းခွေချပ်အကြေးခွံတွေဟာ ၂ ဒဿမ ၈ သန်း ရှိတာကြောင့် ဒီပမာဏကို ရရှိဖို့ သင်းခွေချပ်ကောင်ရေ ၃၀၀၀ လောက် သတ်ဖြတ်ခံရမှာဖြစ်တယ်လို့ ၎င်းက ခန့်မှန်းပြောဆိုခဲ့ပါတယ်။

ခုအကြေးခွံတွေကို ၂၀၁၇ မေလကနေ စက်တင်ဘာလကြား မလေးရှား ပို့ကလန်မြို့မှာ အကောက်ခွန်တာဝန်ရှိသူတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly