ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ

ရွေးကောက်ပွဲဝင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်းများ

မမိုးမိုးမာ

ဝံသာနုဒီမိုကရက်တစ်ပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)

ရည်ရွယ်ချက်

ယှဉ်ပြိုင်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့ နိုင်ငံရေးလောကမှာ အမျိုးသမီးတွေများများပိုမိုပါဝင်လာဖို ဦးဆောင်ချင် တဲ့ရည်ရွယ်ချက်ရယ် အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုဦးစားပေးပြီးတော့ လုပ်ချင်တဲ့ ဆန္ဒရှိလို့ဝင်ပြိုင်ဖြစ်တာပါ။

အရွေးချယ်ခံအမတ်ဖြစ်ရင်ဘာလုပ်မလဲ

ရွေးချယ်ခံရမယ်ဆိုရင်တော့ အဓိကကတော့ အမျိုးသမီးငယ်တွေ၊ နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့ အမျိုးသမီး တွေအကုန်လုံးရဲ့အခွင့်အရေးတွေကော အမျိုးသားရေး ကိုရှေးရှုပြီးတော့ ပြည်သူရဲ့ လိုအပ်ချက်တွေ၊ ပြည်သူ တွေရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကို တင်ပြြင်္ပီးတောင်းဆိုသွားမှာပါ။

နော်မာမာချို

ကရင်ပြည်သူ့ပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော်၊ ကျုံပျော်မြို့နယ် (ဧရာဝတီတိုင်းဒေသကြီး)

ရည်ရွယ်ချက်

အရင်ကလည်း ကျွန်မတို့အရပ်ဘက်လူ့အဖွဲ့အစည်းမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး စတဲ့လုပ်ငန်း စဉ်တွေလုပ်ဆောင်ခဲ့တယ်ပေါ့နော်။ အဲ့ကနေစပြီး ဒါဟာအမျိုးသမီးအခွင့်အရေးတစ်ခုတည်း မဖြစ်သင့်ဘူးပေါ့ နော်။ လွှတ်တော်ထဲမှာ ခေါင်းဆောင်တဲ့အပိုင်းမှာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေများများပါမှ ဥပ ဒေပြုတဲ့အခါမှာ အမျိုးသမီးတွေအတွက်သော်လည်းကောင်း၊ ပြည်သူ အတွက်သော်လည်းကောင်း အမျိုးသမီး တွေပါဝင်ခြင်းအားဖြင့် တိုင်းပြည်ဖွံ့ြဖိုးတိုးတက်တဲ့နေရာမှာ ပိုပြီးတော့ထိရောက်မယ်ဆိုတာ ကျွန်မတို့ယုံကြည် တယ်ပေါ့နော်။ ဒါကြောင့်ကျွန်မတို့ ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်တယ်။ နောက်တစ်ခုအနေနဲ့ အပြောင်းအလဲတစ် ခု လိုချင်တာပေါ့နော်။ အပြောင်းအလဲတစ်ခု ဖြစ်စေချင်တဲ့အတွက်ကြောင့် ကျွန်မတို့ဝင်ရောက်ရွေးချယ်ခံတာ ဖြစ်ပါတယ်။

ရွေးချယ်ခံအမတ်ဖြစ်ရင်ဘာလုပ်မလဲ

အထူးသဖြင့် ပြည်သူတွေကစားဝတ်နေရေး ခက်ခဲကြတယ်လေ။ စားဝတ်နေရေးပြေလည်ဖို့အတွက်ကလည်း အရေးကြီးတယ်။ နောက်တစ်ခုက ကျွန်မတို့တိုင်းပြည်မှာဆိုရင် ပညာရေး။ ကျွန်မအခုရွေးချယ်ထားတဲ့ ကျုံပျော် မြို့နယ်မှာဆိုရင် လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲတယ်။ ပြီးတော့ ပညာရေးကလည်း အရမ်းနောက်ကျကျန် ခဲ့တယ်။ ပညာတတ်ဆိုတာလည်း တော်တော်ကို နည်းတယ်ပေါ့နော်။ ပြီးတော့ ကျန်းမာရေးပေါ့နော်။ အဲ့ဒါတွေ ကို ဦးစားပေးပြီးတော့ ကူညီပေးသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ဒေါ်ကြည်ကြည်မော်

ဒီမိုကရက်တစ်ပါတီ(မြန်မာ)

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - တောင်ဒဂုံမဲဆန္ဒနယ် အမှတ် (၁) ၊ တိုင်းဒေသကြီးလွှတ်တော်

ရည်ရွယ်ချက်

ဘာကြောင့်ဝင်ပြိုင်ဖြစ်လဲဆိုတော့ ကျွန်မအသက်က အခု (၄၆ ) ပါ။ ဒီသက်တမ်းတစ်လျှောက်မှာ ကျွန်မတို့က နိုင်ငံရေးမျက်စိမပွင့်ခဲ့ဘူး။ နောက် ကျွန်မတို့အမျိုးသမီးထုရဲ့အင်အားက မြန်မာပြည်လူဦးရေရဲ့တစ်ဝက်ဖြစ်နေ တယ်လေ။ အဲ့ဒီတော့ အမျိုးသမီးထုရဲ့လိုအပ်ချက်ကို အမျိုးသမီးကပိုနားလည်နိုင်တယ်။ ပြီးတော့အမျိုးသမီးထု ရဲ့အားတွေကိုလိုချင်တဲ့အတွက် ကျွန်မတို့ကအမျိုးသမီးခေါင်းဆောင်တစ်ယောက်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် ရခြင်းဖြစ်ပါတယ်။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ကျွန်မတို့ရန်ကုန်မြို့ရဲ့မြို့သစ်တွေ အများကြီးရှိတယ်ပေါ့နော်။ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးပေါ့။ မြို့သစ်တွေမှာ လိုအပ်ချက်တွေအများကြီးရှိပါတယ်။ ဆင်ခြေဖုံးရပ်ကွက်တွေမှာလည်းရှိတယ်။ အဲ့ဒီဆင်ခြေဖုံးရပ်ကွက်တွေမှာ က ပြည်သူလူထုတွေရဲ့ ဘဝတွေကတချို့ဆို ကွာဟနေတာတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ဘဝတွေ တိုး တက်မြင့်မားလာစေဖို့အတွက် သူတို့ရဲ့အခွင့်အရေးတွေကို သူတို့ကိုယ်တိုင်သိလာစေနိုင်ဖို့ကို ကျွန်မတို့က ဦး ဆောင်ပေးချင်တယ်။ ကျွန်မတို့ကပူးပေါင်းလက်တွဲပြီး သူတို့ရဲ့အခွင့်အရေးတွေကို ရလာစေချင်တဲ့အတွက် ရွေး ကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။ သူတို့တောင်းဆိုတာကိုလည်း လုပ်ဆောင်ပေးနိုင်မယ်။ ဖြည့် ဆည်းပေးနိုင်တယ်လို့ ကျွန်မယုံကြည်ပါတယ်။

ဒေါ်ချင်းချင်း

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ဖလမ်းမြို့နယ်၊ အမျိုးသားလွှတ်တော်

ရည်ရွယ်ချက်

ကျွန်မကငယ်ငယ်ကတည်းက နိုင်ငံရေးကိုစိတ်ဝင်စားတယ်။ ငြိမ်းချမ်းရေးကိုစိတ်ဝင်စားတယ်။ ကျွန်မတို့ဒေသ မှာ စစ်မက်တွေဖြစ်ပွားတယ်။ အဲ့ခါကျတော့ ဒါငြိမ်းချမ်းရေးလုပ်ဖို့သင့်တယ်။ ငြိမ်းချမ်းဖို့သင့်တယ်လို့ အဲ့ဒီက တည်းက စိတ်ထဲမှာစွဲနေတဲ့အခါကျတော့ ငြိမ်းဖောင်ဒေးရှင်းမှာ ငြိမ်းချမ်းရေးနဲ့ပတ်သကပ်ပြီး ထဲထဲဝင်ဝင်လုပ် ခဲ့တယ်။ အဲ့လိုလုပ်တဲ့အခါမှာ အမျိုးသမီးတစ်ယောက်အနေနဲ့ စိန်ခေါ်မှုအကြီးကြီးတွေတွေ့ရတယ်။ ဘာလဲဆို တော့ ဒါမိန်းကလေးအလုပ်မဟုတ်ဘူးပေါ့နော်။ အသိအမှတ်ပြုခြင်းခံရမှုလည်းနည်းပါတယ်။ ငြိမ်းချမ်းရေးက လည်း ရမလိုလိုနဲ့မရနိုင်ဘူး။ ကျွန်မတိုင်းရင်းသားတွေ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်မှာထဲထဲဝင်ဝင် လုပ်မှပဲ ဖြစ်တော့မယ် ဆိုပြီးတော့ ကျွန်မတိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ဖို့နဲ့ တိုင်းရင်းသား အရေးကို အဓိကလုပ်မယ်ဆိုပြီးတော့ လွှတ်တော်ထဲဝင်ပြိုင်ဖို့ ရည်ရွယ်ခဲ့တာပါ။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

 အမျိုးသားလွှတ်တော်မှာကတော့ အဓိကကတိုင်းရင်းသားတွေအတွက် အများဆုံးနေရာ၊ အားကိုးရတဲ့နေရာ၊ လို့ပြောရင်မမှားဘူးပေါ့။ အမျိုးသားလွှတ်တော်က လူမျိုးစုကိုအခြေခံတယ်ပေါေ့နာ်။ တိုင်းရင်းသားတွေက ရာ ခိုင်နှုန်းအားဖြင့် ၄၀ ကျော် ၅၀ နီးပါးလောက်ရှိတဲ့အခါမှာ ကိုယ်ကိုတိုင်အမျိုးသားလွှတ်တော်မှာရှိရင်တော့ တိုင်း ရင်းသားတွေရဲ့ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေးကို အဓိကလုပ်နိုင်မယ်။ နောက် ကျွန်မတို့နိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ဘက်စုံဖွံ့ြဖိုးတိုးတက်မှုရှိလာအောင် ကျွန်မလုပ်ပေးဖို့ရည်ရွယ်ထားပါတယ်။

ဒေါ်ဝင်းပြည့်ပြည့်အောင်

အမျိုးသားတိုးတက်ရေးပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - ပြည်သူ့လွှတ်တော်၊ တံတားဦးမြို့နယ် (မန္တလေးတိုင်းဒေသကြီး)

ရည်ရွယ်ချက်

ဘာကြောင့်ပြိုင်ဖြစ်တာလဲဆိုတော့ နဂိုကပြိုင်ဖို့အစီအစဉ်မရှိဘူးပေါ့နော်။ ပထမတော့ကျွန်မနိုင်ငံရေးနဲ့ပတ် သက်တဲ့ ဘာသာရပ်ကို ၂၀၁၃ ခုနှစ်မှာစပြီးတော့ သေချာလေ့လာဖြစ်တယ်ပေါ့နော်။ အဲ့ဒီနောက်ပိုင်းမှာ ကျွန်မ တို့ပါတီ စည်းရုံးရေးဆင်းရင်းနဲ့ ကိုယ့်ရဲ့တံတားဦးမြို့နယ်ကအဘွားရဲ့ဇာတိပါ။ အဲ့ဒီကိုသွားတဲ့အခါမှာ ကြည့်ဖြစ် လိုက်တယ်။ ကိုယ်ငယ်ငယ်က သွားခဲ့တုန်းကလည်း ဒီဒေသကဒီအတိုင်းပဲ။ အခုသွားတော့လည်း ဒီအတိုင်းပဲ ပေါ့နော်။ ဒီဒေသကလုံးဝမတိုးတက်တာကို တွေ့ရတယ်။ ကျွန်မတို့အသက်အရွယ်တွေရဲ့ ပညာအရည်အချင်း ကို ကြည့်တဲ့အခါမှာလည်း တော်တော်များများ အလယ်တန်းအဆင့်တွေများတယ်။ ကျေးရွာမှာရှိနေတဲ့လူတွေ ပေါ့နော်။ အဲ့ဒီလိုကျတော့ သူတို့ရဲကတွေးခေါ်နိုင်မှုကလည်း လိုအပ်ချက်တွေရှိနေတာပေါ့နော်။ အဲ့နေရာလေး ကို ကျွန်မဘယ်လိုလုပ်ပေးနိုင်မလဲ။ အဲ့ဒီနယ်မှာ ပါတီကိုရုံးဖွင့်ပေးပြီးတော့ ပါတီကရွေးကောက်ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ကျွန်မအနေနဲ့ဆက်လက်ပြီး အဲ့ဒေသဖွံ့ဖြိုးအောင် စွမ်းဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်ဖြစ်တာပါ။ 

ဒေါ်ဂျုံးဂန်

လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဝင်ရောက်ရွေးချယ်ခံမည့်မဲဆန္ဒနယ် - မဲဆန္ဒနယ်မြေ အမှတ် (၅)၊ အင်ဂျန်းယန်မြို့နယ် (ကချင်ပြည်နယ်)

ရည်ရွယ်ချက်

ကျွန်မဝင်ပြိုင်ရတဲ့အကြောင်းအရင်းက ဒီပါတီဆိုတာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက ကြီးကျယ်ခေတ်စားနေတယ် ဆိုတာ ကြားတယ်။ လေ့လည်းလေ့လာမိတယ်။ အမြဲတမ်းလည်း စိတ်ဝင်စားမှုရှိခဲ့တယ်။ တစ်နေ့မှာ ကျွန်မ အစ်ကိုနဲ့ရပ်ကွက်တစ်ခုမှာဆုံတဲ့အခါ ဒီလော်ဝေါ်ပါတီမှာ အမျိုးသမီးတွေအရမ်းကို လိုအပ်နေတယ်လို့ပေါ့နော်။ တခြားတိုင်းရင်းသားတွေပြောလို့ပေါ့နော်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မလားလို့ဆိုတော့ ကျွန်မစဉ်းစားကြည့်မိတာပေါ့နော်။ ကျွန်မရဲ့ဗီဇက ပါတီဆိုတဲ့နိုင်ငံရေးစိတ်ဓာတ်ကို နည်းနည်းပါနေတယ်ထင် တယ်။ ကောင်းပြီ။ လိုအပ်ရင်ပါဝင်ယှဉ်ပြိုင်ပေးမယ်ဆိုပြီး ပြိုင်ဖြစ်သွားတယ်။

ရွေးချယ်ခံအမတ်ဖြစ်ရင် ဘာလုပ်မလဲ

ကျွန်မရွေးချယ်ခံရရင် တစ်ယူသန်တာတော့ မဟုတ်ဘူးပေါ့နော်။ ကျွန်မတို့ရဲ့စာပေယဉ်ကျေးမှုကို အဓိကထိန်း သိမ်းပြီးမှ ကျွန်မတို့ လော်ဝေါ်အမျိုးသားပါတီအားဖြင့်လည်း ဒီကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံး တင်သာမက တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားအားလုံး ပြည်ထောင်စုစိတ်ဓာတ်နဲ့ ပြေပြေလည်လည်ဆက်ဆံ သွားကြမယ်ဆိုတဲ့ စိတ်ဆန္ဒကို မွေးမြူထားခြင်းဖြစ်တယ်။ ပြီးရင်အဓိကက ကျွန်မတို့ကချင်ပြည်နယ်မှာ မူးယစ် ဆေးဝါးတွေကြောင့် တော်တော်ကိုပျက်စီးနေပြီ။ အသက်(၈) နှစ်အထက်ဆိုရင် အကုန်လုံးက မူးယစ်ဆေး မသုံးဖူးတဲ့သူမရှိဘူး။ ကိုယ့်မိသားစုကိုယ့်ရင်သွေးငယ်ကို ထိထိရောက်ရောက်ပြုပြင်ပေးချင်တဲ့စိတ်နဲ့ လုပ်နေ တယ်။ ဒီလိုအဖွဲ့အစည်းတစ်ခုအနေနဲ့ ပြုပြင်လို့ရှိရင် သူတို့ကိုထိထိရောက်ရောက် ပိုဆုံးမနိုင်မယ်။ လုပ်နိုင်မယ် ဆိုတဲ့ စိတ်ဆန္ဒတွေရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly