ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူသချႋုင်းများကို ဝန်ကြီးဌာနမှ စောင့်ရှောက်ရန် မရှိသေး

By မျိုးထွန်းနိုင်
05 December 2018
ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူသချႋုင်းများကို ဝန်ကြီးဌာနမှ စောင့်ရှောက်ရန် မရှိသေး

ရန်ကုန်၊ ဒီဇင်ဘာ ၅ ။            ။ ရန်ကုန်မြို့၊ ငါးထပ်ကြီး ဘုရားအနီးပတ်ဝန်းကျင်တွင်ရှိနေသော ကုန်းဘောင်ခေတ် ဘုရင့်ဆွေတော်မျိုးတော် များ၏ အုတ်ဂူသချႋုင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ရန် မရှိသေးကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းက ရန်ကုန်မြို့၊ ငါးထပ်ကြီး ဘုရားအနီးပတ်ဝန်းကျင်တွင်ရှိနေ သော ကုန်းဘောင်ခေတ်ဘုရင့် ဆွေတော်မျိုးတော်များ၏ အုတ်ဂူသချႋုင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ရန် အစီ အစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။

ဘုရင့် ဆွေတော်မျိုးတော်များ၏ အုတ်ဂူ ၆ လုံးကို လွန်ခဲ့သော ၁၈ နှစ်ခန့်ကမည်သူမျှလာရောက် ပြုပြင်ခြင်း မရှိခဲ့သော်လည်း ယခုနှစ် သီတင်းကျွတ်လပြည့်နေ့မတိုင်မီ လွန်ခဲ့သောတစ်လခန့်က အောက်မြန်မာပြည် ဆွေတော်မျိုးတော်အသင်းမှ လာရောက်၍ ယိမ်းယိုင်နေသော အုတ်ဂူများတည်‌့မတ်ခြင်း၊ ဆေးဖြူ သုတ်ခြင်း စသည်‌့ ထိန်းသိမ်းပြုပြင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း ဘုရင့်ဆွေတော်မျိုးတော်များ၏ အုတ်ဂူများ ထိန်းသိမ်း ခြင်းနှင့် ပတ်သက်၍ ဆွေတော်မျိုးတော်များအသင်းမှ ဆောင်ရွက်ခြင်းသည် သင်‌့လျော်ပါကြောင်း ဒုဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

“ဌာနအနေဖြင်‌့မူ ဗိသုကာတန်ဖိုး၊ သမိုင်းတန်ဖိုး၊ အနုပညာလက်ရာတန်ဖိုး၊ ခေတ်ကာလတန်ဖိုးမြင့်မား သည့် ရှေးဟောင်းအဆောက် အဦများကို ဦးစားပေး ထိန်းသိမ်းနေရသဖြင်‌့ ဆွေတော်မျိုးတော်များ၏ အုတ်ဂူ များအား ထိန်းသိမ်းရန် အစီအစဉ်မရှိသေးပါဘူး”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကြည်မင်းက ပြောကြားသည်။

ထို့နောက် အဆိုပါကိစ္စကို နောင်အနာဂတ်ကာလတွင် ထိိန်းသိမ်းစောင်‌့ရှောက်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ် မေးခွန်းအား တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းက ဆက်လက်မေးမြန်းခဲ့ရာ ဒုဝန်ကြီးက ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်၍ ထိန်းသိမ်းစောင်‌့ရှောက်မည်ဆိုပါက ရှေးဟောင်းအဆောက်အဦများ ကာကွယ်ထိန်းသိမ်းရေးနည်းဥပဒေ ၂၂ နည်းဥပဒေခွဲ(က)အရ ရှေး ဟောင်းအဆောက်အဦ၏ ပေ ၁၂၀ ပတ်လည် မြေဧရိယာတွင် အခြားမည်သည့်အဆောက်အဦမှ တည်ဆောက်ခွင်‌့ရှိတော့မည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။

“ အကယ်၍ ရှေးဟောင်းအဆောက်အဦများ ကာကွယ် ထိန်းသိမ်းရေး နည်းဥပဒေ ၄ ၊နည်းဥပဒေခွဲ(ဃ)အရ နိုင်ငံတော်ပိုင်အဆောက်အဦဖြင်‌့ ဌာနကိုအပ်နှံလိုပါက သက်ဆိုင်ရာမိသားစုမှ လက်ရှိအုတ်ဂူများ၏ မြေပိုင်ဆိုင် မှုဟာ အရှုပ်အရှင်းကင်းရန်လည်း လိုအပ်ပြီး ဆွေတော်မျိုးတော်များက နိုင်ငံတော်သို့အပ်ရန် သဘော တူညီမှု များလည်း လိုအပ်မည်ဖြစ်ပါတယ်။ ယခုတင်ပြတဲ့ အခြေခံအချက်အလက်များနဲ့ ကိုက်ညီပါက ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနကို လျှောက်ထားနိုင်ပါတယ်” ဟု ဒုဝန်ကြီးဦးကြည်မင်း က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly