ဆရာအတတ်သင်ပညာရေးတွင် မသန်စွမ်း ဆရာ၊ ဆရာမများပါ သင်ကြားနိုင်မည့် ရှေ့ပြေးစီမံကိန်းစတင် လုပ်ဆောင်မည်

ဆရာအတတ်သင်ပညာရေးတွင် မသန်စွမ်း ဆရာ၊ ဆရာမများပါ သင်ကြားနိုင်မည့် ရှေ့ပြေးစီမံကိန်းစတင် လုပ်ဆောင်မည်

ဒီဇင်ဘာ ၅ ။             ။ ဆရာအတတ်သင်ပညာရေးတွင် မသန်စွမ်း ဆရာ၊ ဆရာမများပါ သင်ကြားနိုင်မည့် အားလုံးအကျုံးဝင်သော ပညာရေးကို ရှေ့ပြေးစီမံကိန်း (Pilot Project) အဖြစ် ၂၀၁၉ခုနှစ်မှ စတင်ကာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သင်္ဃန်းကျွန်းပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာခင်သူဇာစော ကပြောသည်။

 "ရန်ကုန်နဲ့မန္တလေးက လာမယ့်နှစ်စတာ Pilot ပါ။ ဒီသင်ရိုးကိုစမ်းတာ။ ၂၀၂ဝမှာတော့ ကောလိပ် ၂၅ကျောင်း စလုံးကို သင်ရိုးသစ်နဲ့သင်မယ်။ လာမယ် ၂၀၂ဝမှာတော့ ပထမနှစ်သင်မယ့်ကလေးတွေကို စတာနဲ့ Inclusive Education ပိုင်းကဝင်လာမှာဖြစ်တယ်။ အဲဒီအချိန်ကျရင်တော့ ဒီဆရာလောင်း၊ ဆရာမလောင်းတွေ အကုန်လုံး သင်ယူပြီးသာဖြစ်သွားမှာပေါ့" ဟု ဒေါက်တာခင်သူဇာစော ကပြောသည်။

 နိုင်ငံတကာ မသန်းစွမ်းများနေ့ အခမ်းအနားကို ဒီဇင်ဘာ ၃ရက်က သင်္ဃန်းကျွန်းပညာရေးကောလိပ်တွင် ကျင်း ပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ပြောခဲ့ခြင်းဖြစ်သည်။

 ဖင်လန်နိုင်ငံ အစိုးရ၊ သြစတြေးလျနှင့် ယူကေတို့၏ ငွေကြေးထောက်ပံ့ခြင်းရရှိသော Pre-Service Teacher Education in Myanmar (STEM) ပရောဂျက်ယူနက်စကိုမှ မြန်မာနိုင်ငံပညာရေး၏ လုပ်ငန်းခွင်ကြိုဆရာအ တတ်သင်ပညာရေးစနစ်တွင် ပါဝင်ပံ့ပိုးကူညီနေခြင်း ဖြစ်သည်။

 လက်ရှိအချိန်တွင် ပထမနှစ်သင်ရိုးညွှန်းတမ်းကို ရေးဆွဲပြီးဖြစ်ကာ သင်ရိုးညွှန်းတမ်းဆွဲခြင်းနှင့်အတူ သင်တန်း ပေးရင် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 "သင်ရိုးလည်း ဒီ STEM ပရောရဲ့ Fund နဲ့ပဲအခုသင်ရိုးကဆွဲနေတာပါ။ လေးနှစ်သင်ရိုး အခုပထမနှစ်ပြီးသွား ပါပြီ။ နောက်ထပ်လည်းဆက်ပြီးဆွဲသွားမှာပါ။ သင်ရိုးလေးနှစ်ကို တစ်နှစ်စီအချိန်ယူသွားမယ်။ အခုလောလော ဆယ် ပထမနှစ်ပြီးတဲ့အချိန်မှာကိုပဲ လေးနှစ်သင်ဒီဂရီကောလိပ်ကို ၂၀၂ဝမှာစမယ်။ စပြီးတော့ တစ်နှစ်ပြီး တစ် နှစ် လေးနှစ်လုံးပြီးအောင်ဆွဲပြီးတော့ တစ်ခါတည်းသွားမယ်။ သင်ရိုးလည်းဆွဲရင်း သင်တန်းလည်းပေးရင်းပေါ့" ဟု ဒေါက်တာခင်သူဇာစော ကပြောသည်။

 မသန်စွမ်းများ ဆရာ၊ ဆရာမလောင်းများ လျှောက်ထားမှုမရှိသေးဘဲ လာရောက်လျှောက်ထားပါက လက်ခံ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

 နိုင်ငံတကာ မသန်စွမ်းများနေ့ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ယူနက်စကိုမှသက်ဆိုင်ရာတာဝန်ရှိသူ များအပြင် ဖင်လန်နိုင်ငံမှ မသန်စွမ်းအနုပညာရှင် ဆိုင်းမခ်၏ ပညာရေးအတွေ့အကြုံမျှဝေခြင်းနှင့် ဂီတတင် ဆက်မှုများလည်း ပါဝင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required