ကာတာနိုင်ငံ၏ ရုပ်ရှင်ဒါရိုက်တာများအနက် ၆၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်

ကာတာနိုင်ငံ၏ ရုပ်ရှင်ဒါရိုက်တာများအနက် ၆၀ ရာခိုင်နှုန်းခန့်မှာ အမျိုးသမီးများဖြစ်

ဒီဇင်ဘာ ၅ ။             ။ ကမ္ဘာတစ်ဝန်းလုံးရဲ့ ရုပ်ရှင်လောကမှာ အမျိုးသားရုပ်ရှင်ဒါရိုက်တာတွေ ကြီးစိုးနေချိန်မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့ရဲ့ ရုပ်ရှင်လောကမှာတော့ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ ၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရှိရပါတယ်။

ကာတာလူမျိုး အမျိုးသမီးရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်တဲ့ စူလိုင်တီရဲ့ Gubgub (ဂဏန်း) လို့အမည်ရတဲ့ ဇာတ်လမ်းတိုတစ်ပုဒ်မှာတော့ ကောင်မလေးတစ်ယောက်ဟာ ၎င်းရဲ့ အစ်ကိုလိုမျိုး ဂဏန်းနှိုက်တတ်တယ်ဆိုတာကို သက်သေပြဖို့ကြိုးစားခဲ့ပြီး ဂဏန်း ၁၀ ကောင်ဖမ်းနိုင်ခဲ့တဲ့အကြောင်းကို သရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။

“ကျွန်မတို့ကိုယ်ကျွန်မ ဘယ်လိုမျိုးလဲဆိုတာ ပြသနိုင်တဲ့ နေရာတစ်နေရာလို့ ယူဆတယ်။ အရင်တုန်းက ဒီလိုအခွင့်အရေးမရှိခဲ့ဘူး။ ကောင်မလေးအနေနဲ့လည်း သူလိုချင်တာကို ရအောင်လုပ်နိုင်တယ်ဆိုတာကို ယုံကြည်စေချင်တယ်။ ဒီဇာတ်လမ်းတိုလေးကို ကောင်မလေးတွေအားလုံးကို ကြည့်စေချင်တယ်။”လို့ စူလိုင်တီကပြောပါတယ်။

အရင်တုန်းကဆိုရင် ကာတာအမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်တွင်းအောင်းခဲ့ရကြောင်း၊ ယခုခေတ်မှာတော့ အမျိုးသမီးတွေအနေနဲ့ အမျိုးသားများနှင့် ရင်ဘောင်တန်းလာနိုင်ပြီဖြစ်ကြောင်း စူလိုင်တီကဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly