တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှ ပုဒ်မ ၁၅(စ) ပယ်ဖျက်ပေးရန် လှုပ်ရှားမှုပြုလုပ်

တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းမှ ပုဒ်မ ၁၅(စ) ပယ်ဖျက်ပေးရန် လှုပ်ရှားမှုပြုလုပ်
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဒီဇင်ဘာ ၅ ။            ။ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းတွင် ပါဝင်နေသည့် ပုဒ်မ ၁၅(စ)ကို ပယ်ဖျက်ပေးရန်အတွက် တိုင်းရင်းဆေး တက္ကသိုလ်မှကျောင်းသား၊ကျောင်သူတစ်ချို့နှင့်တိုင်းရင်းဆေး သမားတော်တစ်ချို့က ဒီဇင်ဘာလ ၅ ရက်၊ နံနက် ၁၀ နာရီက တိုင်းရင်းဆေးတက္ကသိုလ်ရှေ့တွင် လှုပ်ရှားတစ်ခု ပြုလုပ်တောင်းဆိုခဲ့သည်။

၂၀၁၈ခုနှစ်၊နိုဝင်ဘာလ ၂၆ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ တင်ပြထားသည့် မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ ဥပဒေကြမ်းတွင် ပါဝင်နေသော အခန်း(၄) ပုဒ်မ၁၅ ပုဒ်မခွဲ(စ)တွင် တိုင်းရင်းဆေးဆရာ ဖြစ်ထိုက်သူ၏ အရည်အချင်းသတ်မှတ်ခြင်းဟုပါရှိပြီး အခန်း(၁၁) မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာ မှတ်ပုံ တင်ခြင်းအခန်း ပုဒ်မ(၃၁) ပုဒ်မခွဲ(ဂ) တွင် အထက်ပါအရည်အချင်းသတ်မှတ်ထားသူများကို တိုင်းရင်းဆေး ဆရာအဖြစ် မှတ်ပုံတင်ခွင့် တနည်းအားဖြင့် (တဆ) ပေးခွင့် ပြုထားသည်ကို ပယ်ဖျက်ပေးရန် စတေကာ ကမ်ပိန်း ပြုလုပ်တောင်းဆိုခြင်းဖြစ်သည်ဟု ကမ်ပိန်းပြုလုပ်သူများကဆိုသည်။

အဆိုပါ ပုဒ်မများ ပယ်ဖျက်ပေးရန်အတွက် တောင်းဆိုမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရပြီး တိုင်းရင်းဆေး သမားတော်တစ်ချို့နှင့်ကျောင်းသား ကျောင်းသူတစ်ချို့က လက်မှတ်များ ကောက်ခံလျက် ရှိကြောင်း၊ ရရှိလာသည့် လက်မှတ်ထိုးများကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံတော် သမ္မတ အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးသို့ တင်ပြတောင်းဆိုသွားမည်ဟုလည်း သိရသည်။

ယခု ပြင်ဆင်ပေးရန်တောင်းဆိုနေသည့် ဥပဒေကို အတည်ပြုလိုက်မည်ဆိုပါက တိုင်းရင်းဆေးလောက တစ်ခုလုံး ဆုံးရှုံးနစ်နာမှုများရှိနေသလို ပြည်သူလူထုကို ကျန်မာရေးစောင့်ရှောက်မှုပေးရာတွင် အန္တရာယ်များ ဖြစ်လာနိုင်သည်ဟုလည်း လှုပ်ရှားမှု ပြုလုပ်သူများကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required