ဒါရိုက်တာ ဦးခင်ဇော်(ကေသီပန်)ရဲ့ ရုပ်အလောင်းကို ဂူသွင်းသဂြိင်္ုဟ်မည်

ဒါရိုက်တာ ဦးခင်ဇော်(ကေသီပန်)ရဲ့ ရုပ်အလောင်းကို ဂူသွင်းသဂြိင်္ုဟ်မည်

ရန်ကုန်၊ဒီဇင်ဘာ ၄ ။             ။ ဒါရိုက်တာ ဦးခင်ဇော်ဟာ ဒီဇင်ဘာ ၃ ရက်နေ့ ညမှာ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့ရုပ်အလောင်းကို ဒီဇင်ဘာ ၇ ရက်နေ့၊နေ့လယ် ၂ နာရီမှာ ရေဝေးသုသာန်၌ ဂူသွင်း သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

" ဘဘက မနေ့က ည ၁၁ နာရီ ၅၅လောက်မှ ဆုံးသွားတယ်။ အဲ့တော့ နာရေးကိုတော့ ငါးရက်ထားမယ်။ ဒီဇင်ဘာ ရရက်နေ့မှာ သောကြာနေ့မှာ နေ့လယ်၂နာရီလောက် ဂူသွင်းပြီး ရေဝေးမှာ သဂြိင်္ုဟ်မယ်လို့ စီစဉ်ထားတယ်။" လို့ ကွယ်လွန်သူ ဦးခင်ဇော်၏ သမက်ဖြစ်သူ ဦးဇော်ဝင်းမောင်က ပြောပါတယ်။

ကွယ်လွန်သူဝါရင့် ဒါရိုက်တာဦးခင်ဇော်ဟာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ဒါရိုက်တာဟောင်း တစ်ဦးဖြစ်တဲ့အပြင် မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးရဲ့ ဥက္ကဋ္ဌအဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင်သူရဲ့သား၊သမီးတွေဖြစ်ကြတဲ့ ဒါရိုက်တာမိုက်တီး၊သရုပ်ဆောင်ချစ်ချစ်ဇော်၊သရုပ်ဆောင် လင်းဇာ နည်ဇော် တို့ကလည်း အောင်မြင်တဲ့ အနုပညာရှင်တွေပဲဖြစ်ကြပါတယ်။

တစ်ခေတ်တခါက နာမည်ကျော် အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ ဦးခင်ဇော် ကွယ်လွန်ခဲ့တဲ့အတွက် အနုပညာ အသိုင်းအဝိုင်းက အနုပညာသမားတွေကလည်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ ဝမ်းနည်းကြောင်း ဖော်ပြရေးသားခဲ့ကြပါတယ်။

"   အနုပညာရှင်ကြီး တစ်ယောက်၊ဒါရိုက်တာကြီးတစ်ယောက် ၊အနုပညာရှင်အများကြီးကို မွေးထုတ်ပေးတဲ့ ဆရာတစ်ယောက် အခုလို ဆုံးရှုံးသွားရတဲ့အတွက်  အင်မတန် ဝမ်းနည်းဖို့ ကောင်းပါတယ်။" လို့ သရုပ်ဆောင် မတူး က ပြောပါတယ်။

ဒါရိုက်တာဦးခင်ဇော်ဟာ ကေသီပန်ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပဲ့ကိုင်တစ်ဦးဖြစ်ခဲ့ပြီး ဦးနှောက်ကျုံ့တဲ့ သက်ကြီး ရောဂါနဲ့အသက် ၉၁နှစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required