လူလိုက်ပါသော ဆိုယုဇ်အာကာသယာဉ်ကို ဂြိုဟ်ပတ်လမ်းအတွင်း အောင်မြင်စွာ လွှတ်တင်

လူလိုက်ပါသော ဆိုယုဇ်အာကာသယာဉ်ကို ဂြိုဟ်ပတ်လမ်းအတွင်း အောင်မြင်စွာ လွှတ်တင်

မော်စကို၊ ဒီဇင်ဘာ ၃ ။               ။ အောက်တိုဘာလအတွင်းက လွှတ်တင်မှု မအောင်မမြင်ဖြစ်ခဲ့တဲ့ လူလိုက်ပါသော ဆိုယုဇ်အာကာသယာဉ်ကို နိုင်ငံတကာအာကာသစခန်းနဲ့ ချိတ်ဆက်ဖို့ ဂြိုဟ်ပတ်လမ်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တယ်လို့ တနင်္လာနေ့မှာ ရုရှအာကာသအေဂျင်စီ ရိုကိုမော့စ်က ထုတ်ပြန်ပါတယ်။

ဆိုယုဇ်ကို ဂြိုဟ်လမ်းအတွင်း လွှတ်တင်တာ အောင်မြင်ခဲ့ကြောင်း ရိုကိုမော့စ်က တွစ်တာမှာ ရေးသားပါတယ်။

အခု လွှတ်တင်လိုက်တဲ့ ဆိုယုဇ်အာကာသယာဉ်မှာ ရုရှအာကာသယာဉ်မှူး၊ နာဆာက အာကာသယာဉ်မှူးနဲ့ ကနေဒါအာကာသအေဂျင်စီက အာကာသယာဉ်မှူးတွေ လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာ အာကာသယာဉ်စခန်းမှာ ခြောက်လခွဲတာ မစ်ရှင်တစ်ရပ်ကို ထမ်းဆောင်ဖို့ ခန့်မှန်းစံတော်ချိန် ဂရင်းနစ် ၁၁၃၁ နာရီမှာ လွှတ်တင်လိုက်တာ ဖြစ်ပါတယ်။

ခု လွှတ်တင်မှုဟာ ဆိုဗီယက်ခေတ် ဆိုယုဇ်အာကာသယာဉ်အတွက် အောက်တိုဘာ ၁၁ ရက်နောက်ပိုင်းမှာ ပထမဆုံး လွှတ်တင်မှုလည်း ဖြစ်ပါတယ်။

အဲဒီ အောက်တိုဘာ ၁၁ ရက်က ရုရှအာကာသယာဉ်မှူးနဲ့ အမေရိကန်အာကာသယာဉ်မှူးနှစ်ဦး လိုက်ပါတဲ့ အာကာသယာဉ်ကို လွှတ်တင်ခဲ့ရာမှာ လွှတ်တင်လိုက်ပြီး မိနစ်ပိုင်းအတွင်းမှာ ပျက်ကျတာကြောင့် အာကာသယာဉ်မှူးနှစ်ဦးတို့ အရေးပေါ် မြေပြင်ဆင်းသက်မှုကို လုပ်ဆောင်ခဲ့ရတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required