ရပ်တည်ဖို့ ခက်ခဲလာတဲ့ အီရတ်က မြေအိုးလုပ်ငန်း

ရပ်တည်ဖို့ ခက်ခဲလာတဲ့ အီရတ်က မြေအိုးလုပ်ငန်း

ဒီဇင်ဘာ ၃ ။            ။ အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်ရဲ့ တောင်ဘက် ၁၆၀ ကီလိုမီတာ အကွာမှာ တည်ရှိတဲ့ Najaf မြို့လေးမှာတော့ ရှေးအစဉ်အလာဖြစ်တဲ့ မြေအိုးလုပ်ငန်း လုပ်ကိုင်မှုကတော့ တစ်ခေတ်တစ်ခါတုန်းက တွင်ကျယ်ခဲ့ပါတယ်။

ဒါပေမယ့် ယခုအခါမှာတော့ ခေတ်ပေါ် ပလတ်စတစ် အသုံးအဆောင်ပစ္စည်းတွေအပေါ် ဝယ်လိုအား များလာခြင်းနဲ့အတူ အဆိုပါ အီရတ်တို့ရဲ့ ရှေးခေတ် မြေအိုးလုပ်ငန်းကလည်း တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့မယ့် အန္တရာယ်နဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။

မြေအိုး လုပ်ငန်းကတော့ အီရတ်မှာ တစ်ချိန်က နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့ပြီး ယင်းမှာတော့ ရှေးဦး နေထိုင်သူတွေဟာ နေအိမ်တွေ တည်ဆောက်ရာမှာသော်လည်းကောင်း၊ မီးဖိုချောင်သုံး ပစ္စည်းတွေ ဖန်တီးရာမှာသော်လည်း ဒီ ရွှံ့မြေစေးကိုပဲ အဓိက အားကိုးအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီလိုမျိုး ယခင်အချိန်တွေတုန်းကတော့ ရွှံ႕ မြေစေးနဲ့ လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပဲ အဓိက အသုံးပြုလာခဲ့ကြတဲ့ အီရတ် နိုင်ငံသားတွေကတော့ ယခုအခါမှာ နေရာတိုင်းမှာ အလွယ်တကူ စျေးသက်သက်သာသာနဲ့ ဝယ်ယူရရှိနိုင်တဲ့ ပလတ်စတစ်ပစ္စည်းတွေကိုသာ ပိုမို ပြောင်းလဲအသုံးပြုလာနေကြပြီ ဖြစ်တာကြောင့်လည်း ယခုလို အီရတ်တို့ရဲ့ အစဉ်အလာ မြေအိုးလုပ်ငန်းက တစ်ဖြည်းဖြည်းချင်း တိမ်ကောလာနေတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required