ဖင်လန်နိုင်ငံတွင် စတူဒီယိုခန်း၊ ရုပ်ရှင်ရုံများ ပါဝင်သည့် စာကြည့်တိုက် ဖွင့်လှစ်မည်

ဖင်လန်နိုင်ငံတွင် စတူဒီယိုခန်း၊ ရုပ်ရှင်ရုံများ ပါဝင်သည့် စာကြည့်တိုက် ဖွင့်လှစ်မည်

ဒီဇင်ဘာ ၃ ။            ။ ဖင်လန်နိုင်ငံ၊ ဟယ်လ်ဆင်ကီမြို့ရဲ့ Oodi (အူတီ) ခေါ် ဗဟိုစာကြည့်တိုက်အသစ်ကြီးကို လာမယ့် ဒီဇင်ဘာလ၊ ၅ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါ Oodi ဗဟိုစာကြည်ုတိုက်ကြီးဟာ ဖင်လန်လွှတ်တော်ရုံးစိုက်ရာ မြို့လယ်ခေါင်မှာ တည်ရှိတာဖြစ်ပါတယ်။

Oodi စာကြည့်တိုက်ကြီး ဖြစ်တည်လာအောင် ဖင်လန်အခြေစိုက် ALA Architects ကုမ္ပဏီက နှစ် ၂၀ တိတိ အချိန်ယူပြီး တည်ဆောက်ထားတာဖြစ်ပြီး ယူရိုငွေ သန်း ၁၀၀ ကုန်ကျကြောင်း သိရှိရပါတယ်။

Oodi စာကြည့်တိုက်မှာ သီချင်းတီထွင်ဖန်တီးနိုင်တဲ့ စတူဒီယိုခန်း၊ ရုပ်ရှင်ရုံ၊ အုပ်စုလိုက် ဆွေးနွေးနိုင်၊ ဆော့ကစားနိုင်မယ့် အခန်းတွေ ပါဝင်ပြီး ပြည်သူတွေအနေနဲ့ အခကြေးငွေပေးစရာမလိုဘူးလို့ သိရပါတယ်။

စာအုပ်လေ့လာဖတ်ရှုတဲ့ နေရာမှာလည်း ကလေး၊ လူကြီးရယ်လို့ သီးသန့်ခွဲမထားဘဲ စာအုပ်အမျိုးပေါင်း တစ်သိန်းကျော်အနက် ကိုယ်နှစ်သက်ရာ စာအုပ်ကို ရွေးချယ်ဖတ်ရှုနိုင်တဲ့အပြင် အခြားစာကြည့်တိုက်တွေလို တိတ်တိတ်ဆိတ်ဆိတ် စာဖတ်ရမယ်လို့ မသတ်မှတ်ထားဘဲ လွှတ်လွှတ်လပ်လပ် စာဖတ်နိုင်၊ ဆော့ကစားနိုင်ကြောင်း သိရှိရပါတယ်။

ပြည်သူတွေ ငှားသွားပြီး ပြန်လာအပ်တဲ့ စာအုပ်တွေကို စက်ရုပ်လေးတွေက သက်ဆိုင်ရာ စာအုပ်စင်ရောက်အောင် ပို့ဆောင်ပေးမှာဖြစ်ပြီး လူသားဝန်ထမ်းတွေက စာအုပ်စင်မှာ စာအုပ်တွေကို ပြန်စီပေးမှာဖြစ်ပါတယ်။

Oodi စာကြည်ုတိုက်ကြီးမှာ လာရောက်လေ့လာသူ လူဦးရေဟာ တစ်ရက်ကို တစ်သောင်းကျော် ရှိနိုင်ကြောင်း၊ ယူရိုငွေ သန်း ၁၀၀ ရင်းနှီးမြုပ်နှံရကျိုးနပ်ကြောင်း ဟယ်လ်ဆင်ကီမြို့ရဲ့ ယဉ်ကျေးမှုဆိုင်ရာ အကြီးအကဲဖြစ်သူ တော်မီလိုင်ရှိုက ပြောပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required