၀ါးခယ်မမြို့နယ်ရှိ ကျွန်းကုန်းတံတားကို အသစ်ပြန်ဆောက်မည်

By စည်သူမောင်မောင်မောင်
03 December 2018
၀ါးခယ်မမြို့နယ်ရှိ ကျွန်းကုန်းတံတားကို အသစ်ပြန်ဆောက်မည်

ပုသိမ်၊ဒီဇင်ဘာ ၃ ။              ။ ဧရာဝတီတိုင်းဒေသကြီး၊၀ါးခယ်မမြို့နယ်ရှိ ကျွန်းကုန်းတံတားအား အသစ် တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက မဇ္စျိမသို႔ ပြောသည်။

“၀ါးခယ်မမြို့နယ်ထဲရှိ ကျွန်းကုန်းတံတားတော့ အသစ်ဆောက်မယ်။ ၀ါးခယ်မ တံတား၊ရွှေလောင်းတံတားကို ဇက်အပြင် ကူးတို့ရေယာဉ်တွေပါ စီစဉ်ထားတယ်။ အခက်အခဲမရှိအောင် ပြည်တွင်းရေကြောင်းလိုင်းနဲ ့စီစဉ် ထားပြီးပါပြီ။ တည်ဆောက်ရေးဘက်က စမယ်အချိန်နဲ႔ ဇက်အဆင်းလမ်းတွေ ပြီးမယ်အချိန်နဲ ့ဇက်တို ့ကူးတို ့ ရေယာဉ်တို ့ရောက်မယ်အချိန်တို ့ကိုက်ပြီးသားပါ။ ခရိုင်အုပ်ချုပ်ရေးမှူးတွေက တဆင့်ပြည်သူကို အသိပေးပြီး ဆောင်ရွက်ဖို ့လုပ်ထားပါတယ်”ဟု လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးကပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊၀ါးခယ်မမြို့နယ်ရှိ ကြိုးတံတားနှစ်စင်းနှင့် လပွတ္တာမြို့နယ်ရှိ ကြိုးတံတား တစ်စင်းကို ပြည်ထောင်စုအစိုးရမှ အဆင့်မြင့်တင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး၊၀ါးခယ်မမြို့နယ်ရှိကြိုးတံတားများ အဆင့်မြင့်တင်ခြင်းနှင့် အသစ်တည်ဆောက်ချိန်များတွင် ပြည်သူများသွားလာရေးအတွက် ဇက်များနှင့် ကူးတို့ ရေယာဉ်များကိုလည်း စိီစဉ်ထားကြောင်း သိရသည်။

“ကြိုးတံတားတွေ ဒီဇိုင်းတွေက ပြောင်းသွားမယ်။ ကြိုးတံတားမဟုတ်တော့ဘဲ ပြန်သုံးမယ်။ ကုန်ကျစရိတ် သက်သာမယ်။ အချိန်တိုနဲ ့ပြီးမယ်။ အားလုံးက ပြည်ထောင်စုလုပ်တော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တာဝန်ယူပြီးလုပ်ဆောင်ပေးမှာဖြစ်ပါတယ်”ဟု ဦးဝင်းဌေးက ဆက်ပြောသည်။

အဆင့်မြှင့်မည့်ကြိုးတံတားများ၏ ပြင်ဆင်ချိန်ကို တစ်နှစ်ခန် ့မှန်းထားပြီး လပွတ္တာရှိ ပင်လယ်လေးတံတားအား ပြုပြင်ခြင်းမစခင်တွင် ဇက်ဖြင့် ကားများကူးခြင်းကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ်ရှိကြိုးတံတား၃စင်းနှင့် လပွတ္တာမြို့ရှိ ကြိုးတံတား များအား အဆင်မြှင့်တင်ခြင်းနှင့် တံတားတစ်စင်းအား အသစ်တည်ဆောက်ခြင်းများပြုလုပ်မည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required