ဘရာဇီးမှာ ကမ္ဘာ့အကြီးဆုံး ရေပေါ် ခရစ္စမတ်သစ်ပင်ကြီးကို မီးထွန်းညှိ

ဘရာဇီးမှာ ကမ္ဘာ့အကြီးဆုံး ရေပေါ် ခရစ္စမတ်သစ်ပင်ကြီးကို မီးထွန်းညှိ

ဒီဇင်ဘာ ၃ ။         ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့မှာတော့ ယခုအခါ ကမ္ဘာ့အကြီးဆုံးသော ရေပေါ် ခရစ္စမတ်သစ်ပင်ကို နောက်တစ်ကြိမ် မြင်တွေ့ရပြန်ပြီ ဖြစ်ပါတယ်။

၇၀ မီတာ ( ပေ ၂၃၀) အမြင့်ရှိ သတ္ထု ကိုယ်ထည်တစ်ခုပေါ်မှာ တည်ဆောက်ထားပြီး LED မီးသီးပေါင်း ၉၀၀,၀၀၀ ပါဝင်တဲ့ ယင်းခရစ္စမတ်သစ်ပင်ကြီးကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က ရီယို မြို့ တောင်ပိုင်းက Rodrigo de Freitas ကန်ထဲမှာ မီးရောင်စုံထွန်းညှိထားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

ယင်းအပြင် ခုနစ်မိနစ်ကြာ မီးရှုးမီးပန်း ပစ်ဖောက်မှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါဟာ ယင်းလိုမျိုး ကြီးမားတဲ့ ခရစ္စမတ်သစ်ပင်ကြီး ရီယိုဒီဂျနေးရိုးမှာ မမြင်ရတာ နှစ်နှစ်လောက် ရှိသွားပြီးမှ ယခုနှစ်မှာ နောက်တစ်ကြိမ် ပြန်မြင်တွေ့လာခဲ့ရတာဖြစ်ပါတယ်။

ယင်းမြို့မှာ နောက်ဆုံးအကြိမ် ခရစ္စမတ်သစ်ပင် မီးထွန်းညှိခဲ့တာကတော့ ၂၀၁၅ ခုနှစ်က ဖြစ်ပါတယ်။

ယခု တစ်ကြိမ် ကမ္ဘာ့ အကြီးဆုံး ရေပေါ် ခရစ္စမတ်သစ်ပင်ကြီးကိုတော့ ဇန်နဝါရီ ၆ ရက်အထိ ညစဉ်ညတိုင်း မီးထွန်းညှိထားမယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required