ခရစ်ယာန် မြို့တော်ဝန်ကို ဖြုတ်ချလိုက်တဲ့ ဆန္ဒပြပွဲ နှစ်နှစ််ပြည့်အဖြစ် ဂျကာတာမှာ အစ္စလာမ်ပြည်သူတွေ စုရုံးချီတက်

ခရစ်ယာန် မြို့တော်ဝန်ကို ဖြုတ်ချလိုက်တဲ့ ဆန္ဒပြပွဲ နှစ်နှစ််ပြည့်အဖြစ် ဂျကာတာမှာ အစ္စလာမ်ပြည်သူတွေ စုရုံးချီတက်

ဂျကာတာ၊ ဒီဇင်ဘာ ၃ ။                  ။ အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့်နှစ်မှာ ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် လူထုထောက်ခံမှုရရေးအတွက် သမ္မတလောင်း ကိုယ်စားလှယ်တွေဟာ မဲဆွယ်စည်းရုံးနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။

ဒီလို အချိန်အခါမှာပဲ ဂျကာတာမြို့တော်မှာ ခရစ်ယာန်ဖြစ်တဲ့ မြို့တော်ဝန်ဟောင်းကို ဖြုတ်ချလိုက်နိုင်တဲ့ ဆန္ဒပြပွဲ နှစ်နှစ်ပြည့်အဖြစ် ပြည်သူ တစ်သိန်းနီးပါးဟာ စုရုံးချီတက်နေကြပါတယ်။

မြို့တော်ဝန်ဟောင်း ဘာဆူကီဂျာဟာဂျာပေါနားမားဟာ ဘာသာရေး စော်ကားတယ်ဆိုပြီး ၂၀၁၆ မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်ခဲ့ပါတယ်။ ဒီဆန္ဒပြမှုတွေကြောင့်ပဲ မြို့တော်ဝန်ကို မဲပေးဖြုတ်ချလိုက်သလို ထောင်ဒဏ် နှစ်နှစ်ပါ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီအတွက် မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး အထိအခိုက်မခံတဲ့ သဘောထားတွေ မြင့်တက်နေတာကို ဥပမာအဖြစ် ဖော်ပြလိုက်တာပဲ ဖြစ်ပါတော့တယ်။

ကမ္ဘာမှာ မွတ်စလင်လူဦးရေအများဆုံး အင်ဒိုနီးရှားနိုင်ငံမှာ လူနည်းစုတွေအပေါ် တိုက်ခိုက်ကြတာတွေ တိုးများလာတာကြောင့် မတူကွဲပြားသူများ ပေါင်းစုနေထိုင်ရေးမှာ နာမည်ကောင်းမရဘဲ ကြုံလာနေရတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required