နီပေါနိုင်ငံတွင် Peace in Family Festival ကျင်းပ

နီပေါနိုင်ငံတွင် Peace in Family Festival ကျင်းပ

နီပေါ၊ ဒီဇင်ဘာ ၂ ။         ။ နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ကျင်းပလျှက်ရှိသော Asia Pacific Summit 2018- Nepal ၏ ပိတ်ပွဲအခမ်းအနား အနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းခြင်းအဖွဲ့အစည်းမှ ဦးဆောင်ကျင်းပသည့် Peace in Family Festival ကို ဒီဇင်ဘာ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နီပေါနိုင်ငံ ပညာရေးဝန်ကြီးဟောင်း၊ YSP International အဖွဲ့အစည်း၏ ဥက္ကဋ္ဌ ၊နီပေါ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ၏ဘာသာရေးခေါင်းဆောင်များ၊ အထူးဧည့်သည်တော်အဖြစ် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၏ မြို့တော်ဝန် ဇနီးမောင်နှံနှင့် မြန်မာနိုင်ငံမှ စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် IBEC ဆရာတော် တက်ရောက်ခဲ့သည်။

ကြီးပွားတိုးတက်သော နိုင်ငံတော်နှင့် ပျော်ရွှင်ဖွယ်ကောင်းသောမိသားစုများ ပိုင်ဆိုင်စေရန် ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ပြီး နီပေါနိုင်ငံမှာရှိတဲ့ နိုင်ငံသူနိုင်ငံသားများ ဒီမိုကရေစီနည်းကျကျ နေထိုင်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

Asia Pacific Summit 2018- Nepal ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁ ရက်နေ့၌ စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required