နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ဘရက်တလေကူးပါး American Cinematheque award ဆုဆွတ်ခူးရရှိ

နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ဘရက်တလေကူးပါး American Cinematheque award ဆုဆွတ်ခူးရရှိ

ဒီဇင်ဘာ ၁ ။            ။ ၃၂ ကြိမ်မြောက် American Cinematheque award ဆုပေးပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၃၀ ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဘီဗာလီဟေးလ်စ်မြို့ရှိ ဘီဗာလီဟေလ်တန်ဟိုတယ်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အနုပညာရှင်တွေရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး  American Cinematheque award ဆု ချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။

အဆိုပါဆုပေးပွဲမှာ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ဘရက်တလေကူးပါးကို American Cinematheque award ဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

ဘရက်တလေကူးပါးဟာ Silver Linings Playbookနဲ့  American Sniper ရုပ်ရှင်ကားတွေရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ဆောင်ဆု ၂ ဆု၊ American Hustle ရုပ်ရှင်ကားရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ပို့ဆု ၁ ဆုကို ဆွတ်ခူးရရှိထားတဲ့ ၀ါရင့်အနုပညာရှင်ပဲဖြစ်ပါတယ်။

အဆိုပါ American Cinematheque award ဆုပေးပွဲကို ဘရက်တလေကူးပါးနဲ့အတူ A Star is Born ရုပ်ရှင်ကားမှာ ပါဝင်ရိုက်ကူးထားတဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသမီး လေဒီဂါဂါလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required