သန္တာကျောက်တန်းများ ပျက်စီးလာ၍ ပိတ်ထားသည့် ထိုင်းနိုင်ငံရှိ မာယာပင်လယ်အော်တွင် ငါးမန်းများ ပြန်လည်ကျက်စား

သန္တာကျောက်တန်းများ ပျက်စီးလာ၍ ပိတ်ထားသည့် ထိုင်းနိုင်ငံရှိ မာယာပင်လယ်အော်တွင် ငါးမန်းများ ပြန်လည်ကျက်စား

ဒီဇင်ဘာ ၁ ။           ။ ထိုင်းနိုင်ငံရှိ နာမည်ကျော် မာယာပင်လယ်အော်မှာ ငါးမန်းတွေကို အစုလိုက် အပြုံလိုက် တွေ့မြင်ရကြောင်း အာဏာပိုင်တွေက များမကြာမီကပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မာယာပင်လယ်အော်မှာ သန္တာကျောက်တန်းတွေ ပျက်စီးယိုယွင်းစပြုလာတဲ့အတွက် အဆိုပါ ပင်လယ်အော်ကို ပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၃ ရက်နေ့က စပြီး ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင်မင်းသားကြီး လီယိုနာဒို ဒီကာပရီယို ပါဝင်သရုပ်ဆောင်ထားတဲ့ The Beach ရုပ်ရှင်ကားကို မာယာပင်လယ်အော်မှာ ရိုက်ကူးခဲ့တဲ့အတွက် ခရီးသွားဧည့်သည်တွေကြား ရေပန်းစားလာခဲ့တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

လူအသွားအလာမရှိတော့တဲ့ မာယာပင်လယ်အော်မှာ ပြန်လည် ကျက်စားနေတဲ့ ငါးမန်းတွေကို တွေ့ရှိနေရပြီဖြစ်ပြီး သန္တာကျောက်တန်းတွေ ပြန်လည်ကောင်းမွန်လာတဲ့ အချိန်ထိ ပိတ်ထားဦးမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags