ဘရာဇီးတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ စီးနင်းလိုက်ပါလာသည့် ခရီးသည် ၂ ဦးသေဆုံး

ဘရာဇီးတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ စီးနင်းလိုက်ပါလာသည့် ခရီးသည် ၂ ဦးသေဆုံး

ဒီဇင်ဘာ ၁ ။            ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ၊ ၃၀ ရက်မှာ ဘရာဇီးနိုင်ငံ၊ ဆော်ပိုလိုမြို့မှာ လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ထိုကဲ့သို့ လေယာဉ်ပျက်ကျမှုကြောင့် အဆောက်အဦတော်တော်များများနဲ့ ကားတွေပါ ပျက်စီးခဲ့ကြောင်း ဆော်ပိုလိုမီးသတ်ဌာနက ပြောပါတယ်။

အဆိုပါလေယာဉ်ငယ်ဟာ ဆော်ပိုလိုမြို့၊ ကမ်ဘိုတီမာတီ လေယာဉ်ကွင်းကနေ ထွက်ခွာပြီး မကြာခင်မှာပဲ ယခုလိုပျက်ကျခဲ့ရတာဖြစ်ပါတယ်။

သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရရှိသွားသူ ၁၂ ဦးအနက် ၅ ဦးမှာ လေယာဉ်ပေါ် စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တွေဖြစ်ပြီး ကျန် ၇ ဦးကတော့ အခင်းဖြစ်ပွားရာ နေရာနားမှာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။

လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required