လောင်စာခွန် တိုးမြှင့်တာကို ဆန္ဒပြတဲ့ ပြင််သစ်က yellow vest လှုပ်ရှားမှု ဘရပ်ဆဲလ်သို့ ကူးစက်ကာ အဓိကရုဏ်းဖြစ်ပွား

လောင်စာခွန် တိုးမြှင့်တာကို ဆန္ဒပြတဲ့ ပြင််သစ်က yellow vest လှုပ်ရှားမှု ဘရပ်ဆဲလ်သို့ ကူးစက်ကာ အဓိကရုဏ်းဖြစ်ပွား

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁ ။           ။ ဘယ်လ်ဂျီယမ်နိုင်ငံမှာ လောင်စာခွန် တိုးမြှင့်တာကို သောကြာနေ့က ဆန့်ကျင်ဆန္ဒပြတဲ့ yellow vest အဝါဝတ် လှုပ်ရှားမှုဟာ အဓိကရုဏ်းအသွင်ကူးပြောင်းခဲ့ပါတယ်။

ဘရပ်ဆဲလ်မြို့မှာ ရဲကားနှစ်စီးကို မီးရှို့ပြီး ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲက ရေအမြောက်တွေနဲ့ လူစုခွဲနေရပါတယ်။

ပြင်သစ်နိုင်ငံမှာ ကြီးကြီးမားမား ဖြစ်ပွားနေတဲ့ ဒီ yellow vest ဆန္ဒပြ လှုပ်ရှားမှုဟာ ပြန့်နှံပြီး အခု ဘယ်လ်ဂျီယမ်က ဘရပ်ဆဲလ်မြို့မှာဆိုရင် လူအင်အား သုံးရာနီးပါးက အီးယူအဆောက်အအုံတွေအနီးမှာ စုရုံးဆန္ဒပြကြတာဖြစ်ပါတယ်။

ပြင်သစ်က ဆန္ဒပြမှုတွေဟာလည်း အဓိကရုဏ်းအသွင် ကူးပြောင်းခဲ့ရသလို အိမ်နီးချင်း ဘယ်လ်ဂျီယမ်က သောကြာနေ့ ဆန္ဒပြပွဲမှာဆိုရင်လည်း ဆန္ဒပြကြသူတွေဟာ ကျောက်တုံးကျောက်ခဲတွေ၊ ရေဘောလုံးတွေနဲ့ ပစ်ပေါက်ကြကြောင်း ရဲဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လူအုပ်ကို ရဲက ရေအမြောက်နဲ့ လူစုခွဲလိုက်ပြီးမှာတော့ ဆန္ဒပြသူတွေဟာ ရဲကားနှစ်စီးကို မီးတင်ရှို့ခဲ့ကြပါတယ်။

မီးခိုးဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ စတဲ့ လက်နက်ကိရိယာတွေနဲ့အတူ တွေ့ရတဲ့ လူ ၆၀ နီးပါးကို ဖမ်းဆီးထားခဲ့ရကြောင်း ရဲဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required