အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် ကွယ်လွန်

အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ် ကွယ်လွန်

ဒီဇင်ဘာ ၁ ။               ။ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်ဟာ ယမန်နေ့ကပဲ ဟူစတန်မြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျင်မ်မက်ကရဒ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

၂၀၁၈ ခုနှစ်၊ ဧပြီလမှာ ဇနီးဖြစ်သူ (ဘာဘရာဘုရှ်၊ အသက် ၉၂ နှစ်) ကွယ်လွန်ပြီး များမကြာမီမှာပဲ အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်ဟာ သွေးထဲကို ဘက်တီးရီးယားပိုးတစ်မျိုးဝင်သွားခဲ့တဲ့အတွက် ဆေးရုံတက်ပြီး ကုသမှုခံယူခဲ့ရတာဖြစ်ပါတယ်။

အမေရိကန်သမ္မတဟောင်း ဂျော့ဘုရှ်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာလည်း အဆုတ်အအေးမိ ရောဂါ၊ နာတာရှည် အသက်ရှုလမ်းကြောင်းရောဂါအခံတွေကြောင့် မကြာခဏ ဆေးရုံတက်ခဲ့ရတာဖြစ်ပါတယ်။

ဂျော့ဘုရှ်ဟာ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ တာဝန်ယူထမ်းဆောင်ခဲ့တဲ့ အမေရိကန်ရဲ့ ၄၁ ဆက်မြောက်သမ္မတ ဖြစ်ခဲ့သလို ၄၃ ဆက်မြောက် သမ္မတ ဂျော့ဘုရှ် (ဂျူနီယာ) ရဲ့ဖခင်လည်း ဖြစ်ပါတယ်။ ၎င်းဟာ ၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူ ဖလော်ရီဒါ ပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်း ဂျက်ဘုရှ်ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required