နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ

By My Rpublica
30 November 2018
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နီပေါ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ
Photo courtesy: Ministry of Foreign Affairs

နိုဝင်ဘာ ၃၀ နီပေါနိုင်ငံမှာ ရောက်ရှိနေလျက် ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ယနေ့ နိုဝင်ဘာ ၃၀ ရက်မှာ နီပေါနိုင်ငံ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုမှာတော့ နီပေါ- မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး နဲ့ အပြန်အလှန် ပူပေါင်းဆောင်ရွက်ရေး ကိစ္စတို့နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းတွေ့ဆုံပွဲကို နီပေါ နိုင်ငံခြားရေးဝန်ကြီး ပရာဒိ ဂယာဝါလီ အပါအဝင် အခြား အဆင့်မြင့်အရာရှိကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကိုလည်း ယနေ့မှာ လက်မှတ်ရေးထိုးမယ်လို့ သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ နီပေါ ဝန်ကြီးချုပ် ကေပီ ရှားမား အိုလီရဲ့ ဖိတ်ကြားချက်အရ လက်ရှိမှာ နီပေါမှာ တရားဝင် ချစ်ကြည်ရေး ခရီးရောက်ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ယင်းနိုင်ငံမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွားဖို့ ရှိနေပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly