တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွင် အရှေ့လေပြင်းများ ကျရောက်နိုင်

တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွင် အရှေ့လေပြင်းများ ကျရောက်နိုင်

နိုဝင်ဘာ ၂၉ ။            ။ တနင်္သာရီကမ်းရိုးတန်းနဲ့ ကမ်းလွန်ဒေသတွင်  အရှေ့လေပြင်းများ ကျရောက်နိုင်ကြောင်း နိုဝင်ဘာလ ၂၉ ရက်၊ ညနေ ၈ နာရီခန့် တိုင်းတာချက်များအရ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။

နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့များတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း တနင်္သာရီ တိုင်းကမ်းလွန်ဒေသတွင် အရှေ့လေပြင်းများ တိုက်််ခတ်နိုင်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးနိုင် ကြောင်း ခန့်မှန်းထားခြင်း ဖြစ်သည်။

မနက်ဖြန် နိုဝင်ဘာလ ၃၀ အတွက် ခန့်မှန်းချက်မှာ အများဆုံးလေတိုက်နှုန်း 25-30 KNOTS (30 - 35 MPH) ဖြစ်ပြီး ရေလှိုင်းအမြင့် 5-13 FEET ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း၈၀ ဖြစ်သည်ဟု မိုးဇလမှလည်း ယနေ့ နေ့လည်ပိုင်းတွင် ခန့်မှန်းထားသည်။ နောက် ၂ ရက်အထိ ခန့်မှန်းချက်မှာ  တနင်္သာရီတိုင်းဒေသကြီးတွင် မိုးအနည်းငယ် ဆက်လက်ရွာနိုင်ပါသည်ဟု မိုးဇလမှ  ထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly