သယံဇာတပေါများသော်လည်း မညီညွတ်ခြင်းကြောင့် ဆင်းရဲတွင်းနစ်နေရဟု ဝန်ကြီးဆို

သယံဇာတပေါများသော်လည်း မညီညွတ်ခြင်းကြောင့် ဆင်းရဲတွင်းနစ်နေရဟု ဝန်ကြီးဆို

နိုဝင်ဘာ ၂၉ ။           ။ မြန်မာနိုင်ငံတွင် သယံဇာတများ ပေါများသော်လည်း မညီညွတ်ကြသည့်အတွက် ဆင်းရဲတွင်း နွံနစ်နေရခြင်း ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောကြား သည်။

နိုဝင်ဘာ ၂ရရက်က လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသတွင် ကျင်းပပြုလုပ်ခဲ့သော မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဦးသုဇန၏ အန္တိမအဂ္ဂိစျာပနသာဓုကီဠနပူဇော်ပွဲနှင့်တပည့်များ၏ပစ္ဆိမဝန္ဒနာ ဝန်ချတောင်းပန် ကန်တော့ ခြင်းအခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များကို ပြည်ထောင်စုဝန်ကြီးက လျောက်ထားစဉ် ပြောခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံလည်း ကျယ်ဝန်းပါတယ်။ သယံဇာတလည်း ပေါများပါတယ်။ မညီညွတ်ကြလို့ ဒီလိုဆင်းရဲနွံနစ်ပြီးတော့ ဆရာတော်ဘုရားတို့ရဲ့တပည့်သားသမီးတွေဟာ နိုင်ငံတကာကိုထွက်ပြီးတော့မှ ဒုက္ခခံစားနေရခြင်းဖြစ်ပါတယ် ဘုရား" ဟု လျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံ၏ သယံဇာတအခြေအနေများကို ထည့်သွင်းလျှောက်ထားပြီးနောက် ဘာသာရေးနှင့်ပတ်သက် သည့် လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများကို ထည်သွင်းလျှောက်ထားခဲ့သည်။မြန်မာနိုင်ငံတွင် ဘာသာ ရေးကို အခြေခံသည့် လူမှုရေးပဋိပက္ခများမဖြစ်ပွားစေရန် ပြည်နယ်နှင့် တိုင်းများ၌ ဘာသာပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့များကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဆိုခဲ့သည်။

"နှလုံးသားထဲမှာ စွဲစွဲမြဲမြဲချစ်ခင်လေးမြတ်သော်လည်း တစ်ခါတရံမှာ မြန်မာကြည့် မကြည့်ဘဲ ကမ္ဘာကြည့် ကြည့်ရတာရှိပါတယ်။ ကရင်ပြည်နယ်မှာလည်း ဘာသာပေါင်းစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ ကျန် ပြည်နယ်နှင့် တိုင်းအားလုံးမှာလည်း ဒီလိုအဖွဲ့တွေ၊ နောက်ဗဟိုအဖွဲ့၊ နောက်ပြီး မြို့နယ်အဖွဲ့တွေပေါင်း ၁ဝဝကျော်ဖွဲ့စည်းပြီး ဘာသာရေးကို အခြေခံတဲ့ လူမှုရေးပဋိပက္ခတွေ မဖြစ်ပွားအောင် ကုလသမဂ္ဂနဲ့ကမ္ဘာ့အဖွဲ့တွေရဲ့ ပိတ်ဆို့မှုမခံရ အောင်ဆောင်ရွက်နေခြင်းသာဖြစ်ပါတယ်" ဟု သူရဦးအောင်ကို ကပြောကြားသည်။
 
လက်ရှိအချိန်တွင်လည်း မြန်မာနိုင်ငံ၏အနောက်ဘက် ရခိုင်ဒေသအခြေအနေအများကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများကလည်း အမျိုးမျိုးခြိမ်းခြောက် ပြစ်တင်ဝေဖန်မှုများလည်းရှိနေကြောင်း သူရဦးအောင်ကို ကပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly