ဒီဇင်ဘာလမှာ မင်္ဂလာဆောင်ကြမယ့် ဂျိုးနက်စ်နဲ့ ချိုပရာ

ဒီဇင်ဘာလမှာ မင်္ဂလာဆောင်ကြမယ့် ဂျိုးနက်စ်နဲ့ ချိုပရာ

နိုဝင်ဘာ ၂၈ ။             ။ အိန္ဒိယ ရုပ်ရှင်မင်းသမီး ပရီယန်ကာ ချိုပရာနဲ့ အမေရိကန်အဆိုတော် နစ်ခ်ဂျိုးနက်စ်တို့ဟာ များမကြာမီမှာ ကျင်းပမယ့် မင်္ဂလာပွဲအတွက် နှစ်ဘက်အသိုင်းအဝိုင်း၊ မိတ်ဆွေတွေနဲ့အတူ မွမ်ဘိုင်းမြို့မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

ချိုပရာနဲ့ နစ်ခ်ဂျိုးနက်စ်တို့ဟာ ပြီးခဲ့တဲ့ သြဂုတ်လ၊ ၁၈ ရက်မှာ စေ့စပ်ထားကြတာဖြစ်ပါတယ်။

ချိုပရာဟာ The Star is Pink ဇာတ်ကားကို နယူးယောက်နဲ့ အမ်စတာဒမ်မြို့မှာ အပြီးသတ်ရိုက်ကူးခဲ့ပြီးမှ နစ်ခ်ဂျိုးနက်စ်၊ နစ်ခ်ဂျိုးနက်စ်ရဲ့ အစ်ကိုဖြစ်သူ ဂျိုးဂျိုးနက်စ်နဲ့ ၎င်းရဲ့ရည်းစား ဆိုဖီတန်နာ၊ မိဘဆွေမျိုးတွေနဲ့အတူ မင်္ဂလာပွဲ ကျင်းပဖို့ မွမ်ဘိုင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ပရီယန်ကာ ချိုပရာ နဲ့ အသက် ၂၅ နှစ်အရွယ် နစ်ခ်ဂျိုးနက်စ်ရဲ့ မင်္ဂလာပွဲကို လာမယ့် ဒီဇင်ဘာလ၊ ၂ ရက်နေ့၊ ဂျော့ရ်ပူမြို့ရှိ ယူမိတ်ဘဝန်နန်းတော်ကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

မင်္ဂလာပွဲအကြိုကိုတော့ မနက်ဖြန် (နိုဝင်ဘာလ၊ ၂၉ ရက်)မှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly