မျိုးဗီဇ ပြုပြင်ထားတဲ့ ကလေးငယ်တွေ ပထမဆုံး ဖန်တီးမွေးထုတ်ထားတယ်ဆိုခြင်းအား တရုတ်က စုံစမ်းစစ်ဆေးမည်

မျိုးဗီဇ ပြုပြင်ထားတဲ့ ကလေးငယ်တွေ ပထမဆုံး ဖန်တီးမွေးထုတ်ထားတယ်ဆိုခြင်းအား တရုတ်က စုံစမ်းစစ်ဆေးမည်

ပေကျင်း၊ နိုဝင်ဘာ ၂၇ ။             ။ တရုတ်သိပ္ပံပညာရှင်တစ်ဦးက ကမ္ဘာ့ပထမဆုံး မျိုးဗီဇ ပြုပြင်ထားတဲ့ ကလေးငယ်တွေကို ဖန်တီးမွေးထုတ်ထားပြီလို့ အတည်ပြုပြောလာတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ တရုတ် အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

အတည်ပြုထားချက်အတိုင်း အမှန််ဖြစ်တယ်ဆိုရင်တော့ ဦးဆုံးသော ဆေးပညာစမ်းသပ်အောင်မြင်မှုဖြစ်လာမှာဖြစ်သလို ဝေဖန်မှုတွေလည်း အုတ်အော်သောင်းနင်း ဖြစ်ပေါ်လာစေမယ့် လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။

တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သူ ဟီကျန်ကူးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က မျိုးဗီဇ DNA ပြုပြင်ထားတဲ့ အမြွာမိန်းကလေးငယ်နှစ်ဦး မွေးဖွားထားနိုင်ပြီ ဖြစ်ကြောင်း၊ ဒီအမြွာကလေးငယ်လေးတွေဟာ သဘာဝအတိုင်း အိတ်ချ်အိုင်ဗီီကို ခုခံကာကွယ်နိုင်စွမ်းရှိတဲ့ မျိုးဗီဇ ရှိနေကြောင်း ယူကျူပေါ် ဗီဒီယို တင်ပြီး အတည်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီအတွက် သိပ္ပံပညာနယ်ပယ်မှာ ဆွေးနွေးငြင်းခုံမှုတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားပေါ်ပေါက်လာပါတယ်။

တစ်ချို့ပညာရှင်တွေကတော့ ဟီကျန်ကူးရဲ့ အတည်ပြု ပြောဆိုချက်အပေါ် သံသယရှိပြီး မယုံကြည်ဘဲ ရှိနေပါတယ်။ တစ်ချို့ကတော့ လူသားသန့်ဗေဒရဲ့ ခေတ်သစ်ပုံစံတစ်ရပ်လို့ ရှုတ်ချအပြစ်တင် ပြောဆိုကြပါတယ်။

ခု ကိစ္စရပ်နဲ့ ပတ်သက်ပြီး ချက်ချင်းစုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အမျိုးသားကျန်းမာရေးကော်မရှင်က အမိန့်ထုတ်လိုက်ကြောင်း နိုင်ငံပိုင်ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required