ကသာတွင် ဖခင်က အသက်မပြည့်သေးသော သမီးဖြစ်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွား

ကသာတွင် ဖခင်က အသက်မပြည့်သေးသော သမီးဖြစ်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွား

ကသာ၊ နိုဝင်ဘာ ၂၇ ။                   ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ………ကျေးရွာတွင် ဖခင်ဖြစ်သူက အသက်မပြည့်သေးသော သမီး ဖြစ်သူကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ရာ အဖိုးဖြစ်သူက ကသာမြို့မရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နန်းဝင်း (အသက် ၃၇ နှစ်) က သမီးဖြစ်သူ မ ……….( အသက် ၁၅ )နှစ်အား ဇွန်လအတွင်းမှ ခြိမ်းခြောက်၍ စတင်အဓမ္မပြုကျင့်ခဲ့ပြီး နောက်ပိုင်းတွင်လည်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ကြောင်း သိရသည်။ စတင်ကျူးလွန်စဉ် ချိန်ကတည်းက မိခင်အား တိုင်ကြားခဲ့သော်လည်း ဘကြီးဖြစ်သူကိုသာ တိုင်ကြားရန် ပြောဆိုခဲ့ကြောင်း ကာကယံကံရှင်မိန်းကလေးငယ်က ထွက်ဆိုသည်။

ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် မိခင်ဘက်မှ အဖိုးဖြစ်သူ လိုက်ပါတိုင်ကြားသောကြောင့် ကသာမြို့မရဲစခန်းမှ အမှု လက်ခံခဲ့ပြီး ယခင်က အသက်မပြည့်သေးသောကြောင့် ကာယကံရှင်တိုင်ကြားမှုကို အမှုလက်ခံ၍ မရကြောင်း ကသာမြို့မရဲစခန်းမှ သိရသည်။

“ ပ ၃၈၄ ၊ ပုဒ်မ ၃၇၆ အရ ဦးနန်းဝင်းအား ရဲလုပ်ငန်းနှင့်ပတ်သက်၍ အသက်မပြည့်သေးတော့ သက်ငယ်မုဒိမ်းမူနဲ့ အမူဖွင့်ပေးရမှာ ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၀ ရက်က အခင်းဖြစ်ပွားရာနေရာကျေးရွာသို့ အမှု အတွက် လိုအပ်သော ဓာတ်ပုံမှတ်တမ်းနှင့် လုံချည်၊ အကျႌကို သွားရောက်သိမ်းဆည်းခဲ့ပြီဖြစ်ကြောင်း ” အမှုစစ်အရာရှိ သန်းဇော်မိုးက ပြောသည်။

မိန်းကလေးငယ်က ကျုးလွန်ခံရမှုနှင့် ပတ်သက်ပြီး အောက်တိုဘာလ ၁၅ ရက်တွင် ကသာရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ယနေ့ အဖိုးဖြစ်သူ လိုက်ပါတိုင်ကြားသည့် နိုဝင်ဘာလ ၂၇ ရက်တွင်မှ အမှု လက်ခံခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးငယ်မှာ အကြီးဆုံးသမီးဖြစ်ပြီး ညီမငယ် ၃ ယောက် ကျန်ရှိနေသေးသောကြောင့် သူ့ကဲ့သို့ ကြုံတွေ့ရမည်စိုး၍ ဖခင်အရင်း ဖြစ်သော်လည်း တိုင်ကြားရခြင်း ဟု ဆိုသည်။

အဆိုပါ ဖခင်ဖြစ်သူ နန်းဝင်းဆိုသူမှာ အောက်တိုဘာလ ၂၆ ရက်က မူးယစ်ဆေးပြား သုံးစွဲမှုဖြင့် အဖမ်းခံခဲ့ရပြီး အောက်တိုဘာလ ၂၇ ရက်က မိခင်ဖြစ်သူက အမှုလာရောက်ပိတ်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required