နာဆာရဲ့ InSight စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ် အောင်မြင်စွာ ဆင်းသက်ပြီး ပထမဆုံး ဓာတ်ပုံ ပြန်လည်ပေးပို့

နာဆာရဲ့ InSight စူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ် အောင်မြင်စွာ ဆင်းသက်ပြီး ပထမဆုံး ဓာတ်ပုံ ပြန်လည်ပေးပို့

နိုဝင်ဘာ ၂၇ ။          ။ အမေရိကန် အာကာသအေဂျင်စီ (NASA) က လွှတ်တင်တဲ့ မောင်းသူမဲ့ စူးစမ်းလေ့လာရေးယာဉ် InSight ဟာ ယခုအခါမှာ အင်္ဂါဂြိုဟ်ပေါ်ကို အောင်အောင်မြင်မြင်နဲ့ ဆင်းသက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိမှာ InSight ယာဉ်ဟာ အခြေအနေ ကောင်းမွန်နေပြီး အင်္ဂါဂြိုဟ်ပေါ်မှာ ရိုက်ကူးခဲ့တဲ့ ပထမဆုံးသော ဓာတ်ပုံကိုတောင် ပြန်လည် ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

နာဆာရဲ့ အမေရိကန်ဒေါ်လာ ၉၃၃ သန်း ကုန်ကျတဲ့ အဆိုပါ အင်္ဂါဂြိုဟ်ဆင်းယာဉ်ကိုတော့ ငလျင်နဲ့ တုန်ခါမှုတွေကို နားထောင်ဖို့၊ ယင်း အနီရောင်ဂြိုဟ်ရဲ့ ကျောက်သားဖွဲ့စည်းပုံနဲ့ အတွင်းပိုင်းက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ဒီဇိုင်းထုတ်ထားတာဖြစ်ကြောင်း အမေရိကန် အာကာသ အေဂျင်စီက ပြောပါတယ်။

လက်ရှိ InSight အင်္ဂါဂြိုဟ်ဆင်းယာဉ်ကတော့ နာဆာသမိုင်းမှာ အင်္ဂါဂြိုဟ်ပေါ် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ ရှစ်ခုမြောက် ဂြိုဟ်ဆင်းယာဉ်လည်း ဖြစ်လာခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly