နိုင်ငံတကာမှာပါ သုံးနိုင်မည်ဆိုသော MPU Union Pay ငွေပေးချေကတ် မိတ်ဆက်

နိုင်ငံတကာမှာပါ သုံးနိုင်မည်ဆိုသော MPU Union Pay ငွေပေးချေကတ် မိတ်ဆက်

ရန်ကုန် နိုဝင်ဘာ ၂၇ ။              ။ ငွေပေးချေမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများတွင်ပါ အသုံးပြုနိုင်မည်ဆိုသော MPU Union Pay ပလက်တီနမ်ငွေပေးချေကတ်ကို ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါ ငွေပေးချေကတ်ဖြင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံများနှင့် နယ်မြေပေါင်း ၁၇၀ ကျော်တွင်းရှိသော ATM စက် ၂.၆ သန်း တွင် ငွေထုတ်ယူဝန်ဆောင်မှုများ ပြုလုပ်နိုင်မည်ဖြစ်သည်ဟု Gary Voon, (Executive Vice President, Head of Consumer Banking) ပြောသည်။

"ကျွန်တော်တို့ အနေဖြင့် Union Pay International (UPI) နဲ့ ပူးပေါင်းပြီး ပြည်တွင်းပြည်ပ အသုံးပြုနိုင်မယ့် ပထမဆုံး ပူးတွဲပလက်တီနမ်ငွေပေးချေကတ် (MPU Union Pay Platinum Debit Card) ကို မြန်မာပြည်မှာ မိတ်ဆက်ခွင့်ရတာ ဝမ်းသာဂုဏ်ယူပါတယ်။ အရေးကြီးတဲ့ မှတ်တိုင်တစ်ခုအဖြစ် ယူဆပါတယ်။ ကျွန်တော်တို့ရဲ့ ဘဏ်ဝန်ဆောင်မှုကို အသုံးပြုသူများအနေနဲ့ ကမ္ဘာတဝန်းရှိ ကုန်သည်ပေါင်း ၁၃၀၀၀ ထံက အထူး အကျိုးခံစားခွင့်များ ရရှိနိုင်ခြင်း၊ ကုန်သည်ပေါင်း ၅၁ သန်းထံမှာ ငွေပေးချေမှုများပြုလုပ်နိုင်ခြင်းနဲ့ ကမ္ဘာတဝန်းရှိ နိုင်ငံနှင့် နယ်မြေပေါင်း ၁၇၀ ကျော်တွင်းရှိသော ATM စက် ၂.၆ သန်းတွင် ငွေထုတ်ယူ ဝန်ဆောင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် " ဟု Gary Voon, (Executive Vice President, Head of Consumer Banking) ပြောသည်။

အဆိုပါ MPU Union Pay ပလက်တီနမ်ငွေပေးချေကတ်ကို MAB ဘဏ်နှင့် Union Pay International ပူးပေါင်း၍ ထုတ်လုပ်ခြင်း ဖြစ်ပြီး ငွေပေးချေကတ်မိတ်ဆက်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့ Pan Pacific ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

"မြန်မာ့ရှေ့ဆောင်ဘဏ် စတင်တည်ထောင်ကတည်းကစပြီး မိဘပြည်သူ Costumer တွေ လိုအပ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ လိုအပ်ချက်များကို အကောင်းဆုံးစိတ်ကျေနပ်မှု ရတဲ့အထိ ဝန်ဆောင်မှုပေးနိုင်ဖို့ အတွက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ " ဟု MAB ဘဏ်၏ Deputy Chief Business Officer ဦးဇော်မိုးအောင်က ပြောသည်။

UnionPay ၏ပလက်တီနမ်ကတ်ပို်င်ရှင်များအနေဖြင့် နိုင်ငံတကာ ကျန်းမာရေး ဝန်ဆောင်မှုများ (Global Medical Assistance)၊ နိုင်ငံတကာခရီးသွားဝန်ဆောင်မှုများ (Global Travel Assistance)၊ အပြင် ဂေါက်ကွင်း၊ ရှိုးပွဲတွေအတွက် ကြိုတင်ဘွတ်ကင်လုပ်လျှင် အထူးဝန်ဆောင်မှုများရရုံတင်မက ဒစ်စကောက် များလည်း ရရှိမည်ဖြစ်သည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly