ယူကရိန်းသင်္ဘောတွေကို ရုရှ ဖမ်းဆီးတာ တရားလက်မဲ့နိုင်လွန်းတယ်လို့ နေတိုးပြော

ယူကရိန်းသင်္ဘောတွေကို ရုရှ ဖမ်းဆီးတာ တရားလက်မဲ့နိုင်လွန်းတယ်လို့ နေတိုးပြော

ဘရပ််ဆဲလ်၊ နိုဝင်ဘာ ၂၇ ။          ။ အငြင်းပွား ခရိုင်းမီးယားပိုင််နက်နားမှာ ယူကရိန်းသင်္ဘောတွေကို ရုရှနိုင်ငံက ဖမ်းဆီးခဲ့တာဟာ တရားမဲ့လွန်းတယ်လို့ နေတိုး အတွင်းရေးမှူးချုပ်က ပြောပြီး ချက်ချင်း  ပြန်လွှတ်ဖို့ တိုက်တွန်းပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက အဇော့ဗ်ပင်လယ်မှာ ယူကရိန်းရေတပ်သင်္ဘောနှစ်စီးနဲ့ ဆွဲသင်္ဘောတစ်စီးကို ရုရှက ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ််ကြောင့် ယူကရိန်းဟာ မာရှယ်လော ကြေညာခဲ့ရာ ရုရှက အန္တရာယ်ပြွန်းတဲ့ တု့ံပြန်မှုအဖြစ် ပြောဆိုထားပါတယ်။

မော်စကိုနဲ့ ကိဗ်ကြား ဆက်ဆံရေးပြန်လည်ထိန်းသိမ်းဖို့ အနောက်အုပ်စုအဖွဲ့အစည်းတွေနဲ့ အစိုးရတွေ ပူးတွဲထုတ်ပြန်ချက်မှာ နေတိုးအတွင်းရေးမှူးချုပ် ဂျန်စတောတန်ဘတ်ချ်က ဆိုထားပါတယ်။

“ယူကရိန်းသင်္ဘောတွေနဲ့ ရေတပ်အမှုထမ်းတွေကို စစ်အင်အားသုံးဖမ်းဆီးထားတာဟာ တရားမျှတမှု မရှိဘူး။”လို့ နော်ဝေနိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့ ဂျန်စတောတန်ဘတ်ချ်က ဘရပ်ဆဲလ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

“ဒါကြောင့် ယူကရိန်သင်္ဘောသားတွေနဲ့ သင်္ဘောတွေကို ရုရှက ချက်ချင်းပြန်လွှတ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ နှစ်ဖက်ကြားမှာ ပြေပြေလည်လည် ဖြစ်ဖို့လည်း ထပ်လောင်းတောင်းဆိုပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required