တရုတ်မှာ သဲမုန်တိုင်းဝင်ပြီး မီတာ ၁၀၀ အမြင့်ရှိ သဲနံရံထုကြီးက မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွား

တရုတ်မှာ သဲမုန်တိုင်းဝင်ပြီး မီတာ ၁၀၀ အမြင့်ရှိ သဲနံရံထုကြီးက မြို့တစ်မြို့လုံးကို ဖုံးလွှမ်းသွား

နိုဝင်ဘာ ၂၆ ။            ။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ နိုဝင်ဘာ ၂၅ ရက်က သဲမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ယင်း သဲမုန်တိုင်းဝင်ချိန်မှာ လေပြင်းတွေ ကျရောက်လာကာ အမြင့် မီတာ ၁၀၀ နီးပါးလောက်ရှိတဲ့ မြင့်မားတဲ့ သဲနံရံကြီးတစ်ခု နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ် Zhangye မြို့ဆီ ဦးတည်ချဉ်းကပ်လာပြီး  များမကြာမီ တစ်မြို့လုံးကို ဖုံးလွှမ်းသွားခဲ့တယ်လို့ သိရပါတယ်။

မြန်ဆန်စွာ ရွေ့လျားလာတဲ့ အဆိုပါ သဲမုန်တိုင်းက ယင်းမြို့တစ်မြို့လုံးကို ငါးမိနစ်အတွင်းမှာပဲ ဖုံးလွှမ်းသွားခဲ့တာကြောင့် ဒေသခံတွေဟာ အကွာအဝေး ၁၀ မီတာလောက်အထိ မြင်ကွင်းမရှင်းဘဲ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly