၂၀၁၇တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကန်ရင်းနှီးမြှုပ်နှံသူများကို ထိုင်းဝန်ကြီးချုပ်ကတိပေး

၂၀၁၇တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ကန်ရင်းနှီးမြှုပ်နှံသူများကို ထိုင်းဝန်ကြီးချုပ်ကတိပေး

နယူးယောက်၊ စက်တင်ဘာ ၂၇။ ။ ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ချပြထားသည့် လမ်းပြမြေပုံအတိုင်း ၂၀၁၇ ခုနှစ်တွင် ကျင်းပပေးမည်ဟု ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အမေရိကန်ရင်းနှီးမြှုပ်နှံသူများကို စက်တင်ဘာ ၂၅ ရက်က ကတိပြုပြောကြားလိုက်သည်။

နယူးယောက်မြို့၌ ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အစည်းအဝေးတွင် ထိုင်းဝန်ကြီးချုပ်က ချမှတ်ထားသည့် နိုင်ငံရေးလမ်းပြမြေပုံမှ သွေဖည်သွားမည်မဟုတ်ဟု ပြောကြား သည်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံတွင်း ရွေးကောက်ပွဲတစ်ရပ် ပြန်လည်ကျင်းပပေးရေးနှင့် ဒီမိုကရေစီပြန်လည်ထွန်းရေးတို့အတွက် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း အစိုးရလက်ထောက် ပြောခွင့်ရပုဂ္ဂိုလ်ဝီရာချွန်ဆူခွန်ဒါပါတီပက်ခ်က ပြောကြားသည်။

ယခုအခါ ပြင်ဆင်ဖွဲ့စည်းလိုက်ပြီဖြစ်သည့် အမျိုးသားပြုပြင်ပြောင်းလဲရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥဒေမူကြမ်းကို ပယ်ချလိုက်သောကြောင့် ရွေးကောက်ပွဲကျင်းပရန် အနည်းငယ်နှောင့်နှေးခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ပြောကြားသည်။

နယူးယောက်ခရီးစဉ်အပြီး လာမည့်သတင်းပတ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပြင်ဆင်ရေးဆွဲရန် အဖွဲ့တစ်ခုကို ဝန်ကြီးချုပ် ပရာယွတ်က ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly