မြန်မာငွေ ၂၂ သိန်းလောက်ဆုကြေးငွေရရှိမယ့် Sangai Chef ဟင်းချက်ပြိုင်ပွဲ

မြန်မာငွေ ၂၂ သိန်းလောက်ဆုကြေးငွေရရှိမယ့် Sangai Chef ဟင်းချက်ပြိုင်ပွဲ

အင်ဖာ ၊ နိုဝင်ဘာ ၂၂ ။          ။ ဆယ်ရက်ကြာ ကျင်းပပြုလုပ်နေတဲ့ Sangai Festival 2018 ပွဲတော်မှာ ရိုးရာ အစားအစာတွေကို ချက်ပြုတ်ပြီး ယှဉ်ပြိုင်တဲ့ Sangai Chef ဟင်းချက်ပြိုင်ပွဲ ပြုလုပ်နေပါတယ်။

ပြိုင်ပွဲဝင်ဆယ်ယောက်ဟာ အိန္ဒိယနိုင်ငံ၊ မဏိပူရ် ပြည်နယ်က ရိုးရာအစားအသောက်တွေကို ချက်ပြုတ် ယှဉ်ပြိုင်ရတာပါ။

မဏိပူရ် ပြည်နယ်အတွင်းမှာနေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာအစားအသောက်တွေကို ကမ္ဘာက သိအောင်ပြုလုပ်ပြီး ကမ္ဘာအကောင်းဆုံး အစားအသောက်စာရင်းထဲမှာ မဏိပူရ် ရိုးရာ အစားအသောက် ပါဝင်အောင် ပြုလုပ်တာဖြစ်တယ်လို့ ဒီပွဲကို ဦးဆောင်ပြုလုပ်တဲ့ Ms.shangreiwon က ဆိုပါတယ်။

“ဒီပွဲဟာ ဒေသထွက်ပစ္စည်းတွေသုံးပြီး ချက်ပြုတ်ရတာဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့် ဟင်းချက်ပြိုင်ပွဲကို စီစဉ်ဖြစ်တာပါ” လို့ Ms.shangreiwon က ဆိုပါတယ်။

ဟင်းချက်ပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်နေ့ကနေ တစ်ရက်မှာ ဟင်းတစ်မျိုးစီ ချက်ပြုတ်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပြီး ပွဲတော်ပြီးဆုံးချိန် နိုဝင်ဘာ ၃၀ ရက်နေ့မှာ ဆုပေးသွားမှာဖြစ်ပါတယ်။ ဆုကြေးကတော့ အိန္ဒိယရူပီး ၁ သိန်း ဖြစ်ပြီး မြန်မာငွေ ၂၂ သိန်းခန့် တန်ကြေးရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly