အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရားသူကြီးချုပ်တို့ တရားစီရင်မှုကိစ္စနဲ့ပတ်သက်လို့ စကားများ ရန်ဖြစ်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရားသူကြီးချုပ်တို့ တရားစီရင်မှုကိစ္စနဲ့ပတ်သက်လို့ စကားများ ရန်ဖြစ်နေ

နိုဝင်ဘာ ၂၂ ။          ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရားရုံးချုပ် တရားသူကြီးချုပ် တို့အကြား စကားလုံးတွေနဲ့ အပြန်အလှန် တိုက်ခိုက် ထိုးနှက်ရန်ဖြစ်မှုတွေကတော့
နိုဝင်ဘာ ၂၁ ရက်က ပိုမို အရှိန်မြင့်လာခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိ တရားစီရင်မှုရဲ့ တစ်ချို့နေရာတွေမှာ မိမိတို့ အစိုးရရဲ့ မူဝါဒတွေကို ဆန့်ကျင်ပြီး အံ့့အားသင့်ဖွယ် ဘက်လိုက်စီရင်ဆုံးဖြတ်မှုတွေ ရှိနေကြောင်း သမ္မတ ထရမ့်က တိုက်ခိုက်ပြောကြားထားခဲ့ပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုထဲ တရားဝင်လမ်းကြောင်းကနေ ဝင်ရောက်လာတာ မဟုတ်တဲ့သူတွေကို တားမြစ်မယ့် သမ္မတ ထရမ့်ရဲ့ အမိန့် ယာယီဆိုင်းငံ့ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြည်ထောင်စုတရားသူကြီးတစ်ဦးက အမိန့်ချခဲ့မှုအပေါ် ထရမ့်က ပြစ်တင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီလို စီရင်ဆုံးဖြတ်ချက်မျိုးဟာ မိမိတို့နိုင်ငံအတွက် အန္တရာယ်များစေပြီး ဉာဏ်နည်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ထရမ့်က တွစ်တာကနေ တိုက်ခိုက်ပြောကြားလိုက်ပါတယ်။

ယင်းကဲ့သို့ ထရမ့်ရဲ့ တိုက်ခိုက်စကားတွေအပေါ်မှာ တရားရုံးချုပ်ရဲ့ တရားသူကြီးချုပ်ကလည်း ပြန်လည် တုန့်ပြန်ပြစ်တင်သွားခဲ့ပြန်ပါတယ်။

ခုလို အမေရိကန်တရားရုံးတွေအပေါ် ထရမ့်ရဲ့ ပြစ်တင်ဝေဖန်မှုနဲ့ပတ်သက်လို့ ပြန်လည် တုန့်ပြန်သွားခဲ့ပြီး တရားစီရင်မှုတွေဟာ လွတ်လပ်စွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တရားရုံးချုပ် တရားသူကြီးချုပ် ဂျွန် ရောဘတ်စ်က တုန့်ပြန်သွားပါတယ်။ ၎င်းကတော့ ယခင်တုန်းက ခုလိုမျိုး နိုင်ငံရေးဆိုင်ရာ ပြောဆိုချက်တွေ ပြောဆိုခဲလှသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရက်တစ် သမ္မတတွေ ခန့်ထားခဲ့တဲ့ တရားသူကြီးတွေဟာ ခုချိန်မှာ အိမ်ဖြူတော်အစိုးရကို ဆန့်ကျင်ဆုံးဖြတ်နေကြပြီဆိုပြီး ထရမ့်ရဲ့ တိုက်ခိုက်စကားနဲ့ပတ်သက်လို့လည်း ရောဘတ်စ်က “ကျွန်တော်တို့မှာ အိုဘားမား တရားသူကြီး၊ ထရမ့် တရားသူကြီး၊ ဘုရှ် တရားသူကြီး၊ ကလင်တန် တရားသူကြီး ဆိုပြီး မရှိပါဘူး၊ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုပဲ မှန်မှန်ကန်ကန် သမာသမတ်ကျကျ လုပ်နေကြတာပါ” ဆိုပြီး ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required