ယီမင်မှာ ပြည်သူ ၁၄ သန်း အငတ်ဘေးဆိုက်တော့မယ့် အန္တရာယ်နဲ့ ကြုံနေပြီး ကလေးငယ်အများစု အခြေအနေ ဆိုးနေ

ယီမင်မှာ ပြည်သူ ၁၄ သန်း အငတ်ဘေးဆိုက်တော့မယ့် အန္တရာယ်နဲ့ ကြုံနေပြီး ကလေးငယ်အများစု အခြေအနေ ဆိုးနေ

နိုဝင်ဘာ ၂၁ ။          ။ အစာရေစာငတ်ပြတ်ပြီး အရိုးပေါ်အရေတင်ဖြစ်နေရှာတဲ့ အသက် ၁၀ နှစ်အရွယ် ယီမင်ကလေးငယ် ဂါဇီ ဆာလက် ဟာ လက်ရှိမှာ နိုင်ငံအနောက်တောင်ပိုင်းက Taez မြို့ ဆေးရုံတစ်ရုံ မှာ တက်ရောက်ကုသမှု ခံယူနေရပါတယ်။

ကိုယ်အလေးချိန် ရှစ်ကီလို သာရှိတော့တဲ့  ဂါဇီဟာ ခုချိန်မှာ အားအလွန်နည်းနေပြီး အသက်တောင် မနည်း ရှုဖို့ ကြိုးပမ်းနေရပါတယ်။

ဒါ့အပြင် ဂါဇီဟာ သူ့ခန္ဓာကိုယ်ကို ရွေ့လျားဖို့ ဒါမှမဟုတ် ငိုဖို့တောင်မှ မတတ်နိုင်လောက်အောင် အားအလွန်နည်းနေပါတယ်။

ဒါကြောင့် ၎င်းဟာ သူ့ရဲ့ ကျုံလှီဖျော့နေတဲ့ ခန္ဓာကိုယ်ကို ကြည့်ရုံပဲ တတ်နိုင်ရှာပြီး သူ့မျက်လုံးတွေကိုတော့ ဖွင့်မြဲအတိုင်း ဖွင့်ထားရှာပါတယ်။

၎င်းတို့နိုင်ငံ ယီမင်မှာတော့ ပြည်သူ ၁၄ သန်းလောက်ဟာ ခုချိန်မှာ အငတ်ဘေးဆိုက်တော့မယ့် ကိန်းနဲ့ ကြုံနေကြရပြီ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ထဲ ရောက်နေတာလည်း ခုဆို လေးနှစ်ကျော် ကြာလာခဲ့ပြီ ဖြစ်ပါတယ်။

သူ့လိုမျိုးပဲ ကလေးငယ်တွေ အစာအာဟာရ ချို့တဲ့လာနေတဲ့ ဖြစ်စဉ်တွေကတော့ ယီမင်ရဲ့ ကျန်းမာရေး စနစ်အပေါ် စမ်းသပ်နေလျက်ရှိပါတယ်။ ယင်းနိုင်ငံမှာတော့
ဆော်ဒီ ကျောထောက်နောက်ခံ အစိုးရနဲ့ အီရန်နဲ့ မဟာမိတ် ဟူသီ သူပုန်တွေအကြားဖြစ်နေတဲ့ ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကိုတော့ ကလေးငယ်တွေပဲ ခါးစည်းခံနေရလျက် ရှိပါတယ်။

လက်တွေ့မြေပြင်မှာတော့ ကလေးငယ် သန်းပေါင်းများစွာ အစာရေစာငတ်ပြတ်မှုနဲ့ ကြံုံတွေ့နေရပါတယ်။

“ ဂါဇီ လိုမျိုး ကလေးတွေ ကို ဒီဆေးရုံမှာ နေ့တိုင်း လက်ခံနေရတယ်၊တစ်ချို့ဆိုရင် အခြေအနေ အရမ်းဆိုးပါတယ်” ဆိုပြီး Al-Mudhafar ဆေးရုံက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆိုနာ အို့သ်မန် က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required