အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် တစ်ပွဲပယ်နှင့် ပေါင်တစ်သောင်း ဒဏ်ရိုက်ခံရ

အာဆင်နယ်နောက်ခံလူ ဂါဘရီရယ် တစ်ပွဲပယ်နှင့် ပေါင်တစ်သောင်း ဒဏ်ရိုက်ခံရ

စက်တင်ဘာ ၂၆၊ လန်ဒန် ။               ။ အာဆင်နယ်နောက်ခံလူ ဂါဘရီရယ်သည် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင်တစ်သောင်း ဒဏ်ရိုက်ခြင်းကို ခံခဲ့ရသည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဂါဘရီရယ်သည် စတမ်းဖို့ဒ်ဘရစ်ချ်တွင် ချယ်လ်ဆီးအသင်းကို ၂-၀ ဂိုးဖြင့်ရှုံးသည့်ပွဲတွင် ဒီယေဂိုကော်စတာ နှင့်အချင်းများပြီးနောက် ကြမ်းတမ်းသည့်အပြုအမူအတွက် ကွင်းလယ်ဒိုင်မိုက်ဒင်း၏ အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရသည်။

အနီကတ်ပြစ်ဒဏ်အတွက် သုံးပွဲပယ်ခံရခြင်းကို အာဆင်နယ်အသင်းက အယူခံဝင်ခဲ့ရာ အောင်မြင်ခဲ့သည်။

သို့သော် ထုတ်ပယ်ခံရပြီးချိန်တွင် ယင်းဘရာဇီးကစားသမားသည် ကွင်းထဲမှာ ချက်ချင်းထွက်ခွာရန် ငြင်းဆန်ခဲ့သောကြောင့် စွဲချက်တင်ခံရပြီး တစ်ပွဲပယ်ပြစ်ဒဏ်နှင့် ပေါင်တစ်သောင်း ဒဏ်ရိုက်ခံရခြင်းဖြစ်သည်။

ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာသည်လည်း အာဆင်နယ်နောက်ခံလူ ကိုစီရယ်နီကို ကြမ်းတမ်းစွာကစားမှုဖြင့် သုံးပွဲပယ်ပြစ်ဒဏ်ချ ခံ ထားရသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly