ဖိလစ်ပိုင်သို့ သမ္မတ ရှီကျင့်ဖျင် လာရောက်စဉ် တရုတ်သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြ

ဖိလစ်ပိုင်သို့ သမ္မတ ရှီကျင့်ဖျင် လာရောက်စဉ် တရုတ်သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြ

မနီလာ၊ နိုဝင်ဘာ ၂၀ ။           ။ ဖိလစ်ပိုင်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ပထမဆုံး နိုင်ငံတော် ခရီးစဉ်အနေနဲ့ နိုဝင်ဘာ ၂၀ ရက်က လာရောက်ရာမှာ မနီလာက တရုတ်သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတာတွေ ဖြစ်ပွားခဲ့ပါတယ်။

ဖိလစ်ပိုင်က တွစ်တာနဲ့ ဖေ့ဘုတ်တွေမှာဆိုရင်လည်း တရုတ်ဆန့်ကျင်ရေးကို ဖော်ပြတဲ့ Winnie the Pooh ရုပ်ပြောင် memes တွေ ပလူပျံနေတော့ပါတယ်။

Winnie the Pooh memes ဟာ ဦးနှောက်အလွန်နည်းတဲ့ ဝက်ဝံကာတွန်းရုပ်ပြောင်ဖြစ်ပြီး အရင်က ဝဝဖိုင့်ဖိုင့် ရှီကျင့်ဖျင်ကို သရော်လှောင်တဲ့အနေနဲ့ အသုံးပြုခဲ့တဲ့ memes လက်ရာတွေပဲ ဖြစ်ပါတယ်။ ဒီသရော်လှောင်ပြောင်တဲ့ ရုပ်ပြောင်ကို တရုတ်ဟာ ဆင်ဆာဖြတ်ပြီး ဖြိုခွင်းခဲ့ရဖူးပါတယ်။

“Winnie the Pooh ကို တရုတ်မှာ တားမြစ်တာက ရှီကျင့်ဖျင်ကို သရော်ပြီး ရုပ်ပြောင်အဖြစ် အသုံးပြုခဲ့တာကြောင့်ပဲ။ ဒါကြောင့် ဖိလစ်ပိုင်ကို ရှီကျင့်ဖျင် ရောက်လာတာကို ဆန့်ကျင်ကြပြီး ဒီ memes ရုပ်ပြောင်ကို အသုံးပြုကြပါစို့။”ဆိုပြီး ဖေ့ဘုတ်သုံးစွဲသူတစ်ဦးက ဆော်သြထားပါတယ်။

ဖိလစ်ပိုင် ပြည်သူအများစုဟာ တောင်တရုတ်ပင်လယ်ရဲ့ ရေပိုင်နက်အများစုကို တရုတ်က သူပိုင်ပြုထားတာကို ဆန့်ကျင်ကြပါတယ်။ ဖိလစ်ပိုင်နဲ့ အငြင်းပွားတဲ့ ရေပိုင်နက်ကိစ္စမှာ နိုင်ငံတကာတရားရုံးက တရုတ်ပိုင်တယ်ဆိုတဲ့ သက်သေမရှိဘူးလို့ စီရင်ချက် ချထားတာပဲ ဖြစ်ပါတယ်။

ဒီ တောင်တရုတ်ပင်လယ်အငြင်းပွားမှုကြောင့် ဖိလစ်ပိုင်နဲ့ တရုတ် ဆက်ဆံရေး အေးခဲခဲ့ပေမယ့် သမ္မတ ဒူတာတေး တက်လာပြီးနောက်မှာ တရုတ်နဲ့ ပိုမိုသင့်မြတ်ရေးကို ရှေးရှုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required