Myanmar Coffee Festival 2018 ပြည်သူ့ရင်ပြင်တွင် ၃ ရက်ကြာ ကျင်းပ

Myanmar Coffee Festival 2018 ပြည်သူ့ရင်ပြင်တွင် ၃ ရက်ကြာ ကျင်းပ

နိုဝင်ဘာ ၂၀ ။           ။ Myanmar Coffee Festival 2018 ကို နိုဝင်ဘာ ၂ဝရက်မှ ၂၂ရက်အထိ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ၃ရက်ကြာ ကျင်းပလျက်ရှိသည်။

မြန်မာကော်ဖီသည် စိုက်ပျိုးထုတ်လုပ်ရောင်းချသူ သောက်သုံးသူများ များလာသည့်အတွက် ပိုပြီး အကူအညီ အထောက်အပံ့ရရှိအောင် ယခုကဲ့သို့ ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း Myanmar Coffee Festival 2018 ပွဲ စီစဉ်သော ကိုအောင်သူ ကပြောသည်။

"မြန်မာကော်ဖီဟာ အခုစိုက်ပျိုးထုတ်လုပ်တဲ့သူတွေလည်းများလာတယ်။ နောက်ပြီးတော့ ဆိုင်တွေဖွင့်ပြီး ရောင်းချတဲ့သူတွေလည်းများလာတယ်။ အရင်ထက်လည်းပိုပြီး ကော်ဖီယဉ်ကျေးမှု ထွန်းကားလာပြီး သောက် သုံးတဲ့သူလည်း ပိုများလာတယ်။ ဒါကြောင့်မို့ ဒီ Industryကြီးကို အထောက်အပံ့ရအောင် ရည်ရွယ်ပြီး ဒီပွဲတော် ကြီးကို လုပ်တာပါ" ဟု ကိုအောင်သူ ကပြောသည်။

ယခုပြပွဲတွင် ဆိုင်ခန်းပေါင်း ၁၀၀ ပါဝင်ပြသထားပြီး ကော်ဖီဖျော်ပြိုင်ပွဲများလည်းပါဝင်မည် ဖြစ်ကြောင်း သိရ သည်။ပြပွဲတွင် ကော်ဖီကြိုက်နှစ်သက်သူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်သည့် ကော်ဖီအမျိုးအစားများကို ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်။

Myanmar Coffee Festival 2018ကို ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ကို ၂၀၁ရခုနှစ် အောက်တိုဘာလက ကျင်းပခဲ့ဖူးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required