စိုက်ပျိုးစရိတ်ကြွေးကျန်များကို ၂၀၁၉ခုနှစ် မတ်လအထိ ကောက်ခံမည်

By စည်သူမောင်မောင်မောင်
20 November 2018
စိုက်ပျိုးစရိတ်ကြွေးကျန်များကို ၂၀၁၉ခုနှစ် မတ်လအထိ ကောက်ခံမည်

ပုသိမ်၊နိုဝင်ဘာ ၂၀ ။               ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးစရိတ်ကြွေးကျန်များကို ၂၀၁၈ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ခုနှစ် မတ်လအထိ ကောက်ခံသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ပြောသည်။

“ကြွေးကျန်များကောက်ခံရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ကြွေးကျန်မြို့နယ်များအလိုက် တစ်ဦးချင်း ကြွေးကျန် စာရင်း စိစစ်ခြင်း၊ ကြွေးကျန်တောင်သူများကို နှိုးဆော်စာထုတ်ပြန်ခြင်း၊ကျေးရွာများသို ့ ကွင်းဆင်း ကောက်ခံ ခြင်း လုပ်ငန်းကို ၂၀၁၉ခုနှစ်ဇန်နဝါရီလမှ မတ်လအထိ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်း လုပ်ပြီးနောက် အလွဲသုံးစားမှုတွင်ပါဝင်တဲ့ တောင်သူလယ်သမားများအား ဥပဒေနဲ ့အညီ အရေးယူဆောင်ရွက်ခြင်း၊ ကြွေးမြီ လာရောက်ပေးဆပ်ရန် ပျက်ကွက်သူများကို ဥပဒေအရဆောင်ရွက်ခြင်း စည်းရုံးရေးနည်းလမ်း စီမံခန် ့ခွဲရေး နည်းလမ်းဖြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက ပြောသည်။

 ထို့အပြင် အချိန်စေ့ကြွေးကျန်များ ကွင်းဆင်းကောက်ခံရေးအတွက် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ ဧရာဝတီ တိုင်းဒေသကြီးအတွင်း အဖွဲ ့၆ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အဆင့် ချေးငွေကြီးကြပ်ရေး ကော်မတီများကို ကြွေးကောက်ခံရေးအဖွဲ ့များဖြင့် တာဝန်ပေးထားပြီး ဖြစ်ကြောင်း ဝန်ကြီးက တိုင်းလွှတ်တော်တွင်ဆက်လက်ပြောကြားသည်။

 “မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အနေနဲ ့အချိန်စေ့ကြွေးကျန်များ ကောက်ခံရေးစီမံချက်များ ရေးဆွဲ ထားပြီး၂၀၁၈ခုနှစ်နိုဝင်ဘာလမှ ၂၀၁၉ခုနှစ် မတ်လအထိ သတ်မှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးဌေးဝင်းက ဆက်ပြောသည်။

မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ တောင်သူများကို ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေးငွေများအနက် ပြန်လည်ကောက်ခံရန် ကျန်ရှိနေသေးသော ကြွေးကျန် ၅၂ရာခိုင်နှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးက ဖြစ်ပြီး ကြွေးကျန်စီမံချက်ကို ယခုနှစ် နိုဝင်ဘာလကစတင်ကာ ၂၀၁၉ ခုနှစ် မတ်လအထိ သတ်မှတ်၍ ကောက်ခံရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required