ပထမ မုံတိုင်ပင်ဆရာတော်အကြောင်း ပြန်ဖော်ထုတ်ရန် ဒေသခံများ လုပ်ဆောင်နေ

ပထမ မုံတိုင်ပင်ဆရာတော်အကြောင်း ပြန်ဖော်ထုတ်ရန် ဒေသခံများ လုပ်ဆောင်နေ
(ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ နိုဝင်ဘာ ၂၀ ။        ။ သမိုင်းကွယ်ပျောက်နေသည့် ကုန်းဘောင်ခေတ် ကျမ်းပြုအကျော် ပထမ မုံတိုင်ပင်ဆရာတော် အရှင်ဝံသပါလ မဟာထေရ် အကြောင်း ပြန်လည်ဖော်ထုတ်၊ မှတ်တမ်းပြုစုရန် မုံတိုင်ပင် ကျေးရွာ ဒေသခံများက လုပ်ဆောင်လျှက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊မုံတိုင်ပင်ကျေးရွာတွင် တည်ရှိနေသည့် မုံတိုင်ပင်ကျောင်းတိုက်အတွင်းက ဆရာတော်ကြီး တည်ထောင်ထားခဲ့သည့် ပဋိကတ်တိုက်၊ခေါင်းလောင်းကြီးများ၊စေတီပုထိုးများနှင့်ဆရာတော်ကြီးရေးသားထားခဲ့သည့် ကျမ်းစာများအား ရေရှည်တည်တံ့အောင်ထိန်းသိမ်းပြီး စာအုပ်အဖြစ် ထုတ်ဝေသွားရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

"ကျွန်တော်တို့ ဒါတွေ ထိန်းသိမ်းဖို့နဲ့ စာအုပ်ဖြစ်မြောက်ဖို့အတွက် အဖွဲ့အစည်းတွေဖွဲ့ပြီး ဆောင်ရွက်သွားမယ်။"ဟု ဆရာတော်ကြီး၏ပေစာ ပုရပိုဒ်စာများ ထိန်းသိမ်းရေး ဦးဆောင်ပြုလုပ်နေသည့် သမိုင်းသုတေသီ ကေသရာဇာက ပြောသည်။

ဆရာတော်ဘုရားသည် စဉ့်ကူးမင်းလက်ထက်မှမင်းတုန်းမင်းလက်ထက်အထိ ကုန်းဘောင်မင်းဆက် ၇ ဆက် မီခဲ့ပြီး ဆရာတော်ဦးဗုတ်၊တတိယမောင်းထောင်ဆရာတော်ဘုရားကြီးတို့နှင့်ခေတ်ပြိုင် ဖြစ်ကြောင်း သိရသည်။

ဆရာတော်ဘုရားသည် ဘကြီးတော်မင်းတရားကြီးလက်ထက်တွင် သမိုင်းသုတေသီများနှင့်ပညာရှင်များအနေဖြင့်၎င်း သမိုင်းဝါသနာရှင်များအနေဖြင့်၎င်း မုံတိုင်ပင်ဆရာတော်ကြီး၏ ပေစာ၊ပုရပိုဒ်စာများကို လာရောက် လေ့လာကြဖို့လည်း ဖိတ်ခေါ်ထားသည်။

ဆရာတော် ရေးသားထားသည့် ကျမ်းပေါင်း ၁၀၀ ကျော် အနက် ကျမ်းပေါင်း ၄၀ ကျော်သာ ကျန်ရှိတော့ပြီး ၁၀ ကျမ်းခန့် ပြန်လည်ကူးယူပြီးဖြစ်သည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျမ္းများကိုလည်း သမိုင်းသုတေသီ ကေသရာဇာဦးဆောင်ကာ ကူးယူလျှက်ရှိကြောင်းသိရသည်။

ဆရာတော်ဘုရားကြီးသည် ၁၁၄၀ ခုနှစ်တွင် ဖွားမြင်တော်မူခဲ့ပြီး ၁၂၂၂ ခုနှစ် သက်တော် ၈၂ မှာ တစ်ဘဝတစ်ခန္ဓာ ချုပ်ငြိမ်းခဲ့ကြောင်း မှတ်တမ်းအရသိရသည်။

ဆရာတော်ဘုရားကြီး၏ သက်တော် ၂၄၀ ပြည့် အထိမ်းအမှတ် သမိုင်းစာတမ်းဖတ်ပွဲကိုလည်း နိုဝင်ဘာလ ၁၉ ရက် ညပိုင်းက ပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly