ပညာသင်ကြားရေး အထောက်ကူပြု Virtual Reality (VR)ပစ္စည်း မိတ်ဆက်

ပညာသင်ကြားရေး အထောက်ကူပြု Virtual Reality (VR)ပစ္စည်း မိတ်ဆက်

 ရန်ကုန်၊ နိုဝင်ဘာ ၁၉ ။             ။ ပညာသင်ကြားရေး အထောက်ကူပြု Virtual Reality (VR)အမည်ရှိ လေ့ကျင်ရေး စက်ကိရိယာတစ်ခုကို အခြေခံပညာကျောင်းများတွင် အသုံးပြုနိုင်ရေးအတွက်  Ericsson Myanmar မှ စတင်မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါပစ္စည်းမိတ်ဆက်ပွဲကို နိုဝင်ဘာ ၁၉ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းလေ့ကျင့်ရေး စက်ကိရိယာဟာ ဆရာ၊ဆရာမတွေအတွက် သင်ကြားရေးပိုင်းဆိုင်ရာတွေကို တစ်ယောက်တည်း လေ့ကျင်သင်ကြားနိုင်တဲ့ စက်ကိရိယာ တစ်ခုလည်း ဖြစ်ပါတယ်။

 "  အသုံးပြုဖို့က လွယ်ပါတယ်။ အဲဒီစက်ရယ်၊ ကိုယ့်ရဲ့ ဖုန်းထဲက  အဲဒီအက်ပလီကေရှင်းကို ဖွင့်လိုက်မယ်ဆိုရင် အဲဒီစက်ကို ဆရာဆရာမတွေအနေနဲ့ ခေါင်းမှာ တပ်လိုက်လို့ရပြီ။ သူ့ရဲ့ ရှေ့မှာ အမြင်ထဲမှာ  စာသင်ခန်းတစ်ခုရှိနေမှာပါ ကျောင်းသားကျောင်းသူတွေလဲရှိနေမှာပါ။ တပ်ထားတဲ့ ကိရိယာရဲ့ ဘေးမှာ ဆိုရင် ခလုတ်လေးတွေရှိမယ် ပြီးရင် ဘယ်လိုမျိုးလုပ်ဆောင်လို့ရမယ်ဆိုတဲ့ အသေးစိတ်လေးတွေပြပေးထားတယ်။  အဲဒီမှာ ကိုယ်ကြိုက်တဲ့မော်ကျူးကိုဝင်ပြီး ကျောင်းသားတွေနဲ့ အပြန်လှန်ဆွေးနွေးသင်ကြားနိုင်မှာ ဖြစ်တယ်။  " လို့ Eircsson Myanmarမှ  Ph.D Zohra Yermeche (Global Program Director) ကပြောပါတယ်။

 ဆရာဆရာမတွေဆီမှာ ဒီကိရိယာရှိခြင်းအားဖြင့် ကျောင်းသားကျောင်းသူတွေ မလိုအပ်ဘဲ တစ်ယောက်တည်း လေ့ကျင့်သင်ကြားနိုင်ခြင်းကြောင့် ပညာရေးဘက်မှာ ပိုမိုတိုးတက်မှုတွေရှိလာမယ်လို့ မျှော်လင့်တယ်လိို့ သိပါတယ် ။

" အဓိကအားဖြင့်တော့ ဆရာ/ဆရာမတွေအနေနဲ့ မော်ကျူးတွေကို အသုံးပြုပြီးတော့ ကျောင်းသားတွေမရှိဘဲနဲ့ တစ်ယောက်တည်း လေ့ကျင့်နိုင်မှာဖြစ်တာကြောင့် ပိုပြီးကောင်းမွန်တဲ့ သင်ကြားမှုပုံစံတွေကို လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်။" ဟု Ph.D Zohra Yermeche ကဆက်ပြောပါတယ်။

အဲဒီအစီစဉ်ကို ၂၀၁၄ခုနှစ်မှာ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတွေမှာ ရှိတဲ့ အခြေခံပညာ စာသင်ကျောင်း ၃၁ ကျောင်းမှာစတင်ပြီး အခမဲ့စမ်းသပ် အသုံးပြုနေပြီးလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required