အာရှခြေစစ်ပွဲဝင်မည့် ယူ - ၁၉ အသင်းတွင် နောက်ခံလူများ ဒဏ်ရာရနေ

အာရှခြေစစ်ပွဲဝင်မည့် ယူ - ၁၉ အသင်းတွင် နောက်ခံလူများ ဒဏ်ရာရနေ
အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ယူ-၁၉အသင်းခေါင်းဆောင် ရဲရင့်အောင်(ယာ)ကိုတွေ့ရစဉ်။ (ဓာတ်ပုံ- MFF)

စက်တင်ဘာ ၂၆၊ ရန်ကုန်။                    ။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၈ရက်မှာ အောက်တိုဘာ ၆ ရက်အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှယူ-၁၉ချန်ပီယံရှစ်ခြေစစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်ပြင်ဆင်နေသော မြန်မာယူ-၁၉အသင်းတွင် နောက်ခံလူများဖြစ်သည့် အသင်းခေါင်းဆောင် ရဲရင့်အောင်နှင့် ဘယ်နောက်ခံလူ စိုးနိုင်ထွန်းတို့ ဒဏ်ရာအသီးသီးရရှိနေသည်။

အသင်းခေါင်းဆောင်ရဲရင့်အောင်မှာ ခြေကျင်းဝတ်အရွတ်ဒဏ်ရာ၊ ဘယ်နောက်ခံလူ စိုးမိုးထွန်းမှာ လက်ချောင်းရိုးကျိုးဒဏ်ရာများရရှိနေသည်။ “ဒဏ်ရာအခြေအနေက စောင့်ကြည့်နေတုန်းပါ။

ပြိုင်ပွဲအတွက် မီနိုင်ဖို့ ဆေးကုသနေပါတယ်။ အရမ်းပြင်းထန်မှုမရှိပေမယ့် အနားယူဖို့လိုပါတယ်။ လောလောဆယ် ဒဏ်ရာကြောင့် လေ့ကျင့်မှုနားနေပါတယ်။”ဟု မြန်မာယူ-၁၉အသင်း မီဒီယာတာဝန်ခံ ကိုရဲမင်းဝင်းကပြောသည်။

မြန်မာယူ-၁၉အသင်းမှာ အာရှယူ-၁၉ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗီယက်နမ်၊ ဟောင်ကောင်၊ တီမော၊ ဘရူနိုင်းအသင်း များနှင့်တစ်အုပ်စုတည်းကျရောက်နေပြီး ခြေစစ်ပွဲအောင်ရန်အတွက် ဗီယက်နမ်၊  ဟောင်ကောင်အသင်းများကို အဓိကထားရင်ဆိုင်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required