အခမဲ့ပြသမည့် Myanmar Int'l Fashion Week2018 ကို ရန်ကုန်တွင် ကျင်းပမည်

အခမဲ့ပြသမည့် Myanmar Int'l Fashion Week2018 ကို ရန်ကုန်တွင် ကျင်းပမည်

ရန်ကုန် နိုဝင်ဘာ ၁၉ ။              ။ မြန်မာနိုင်ငံမှာ ကြီးကျယ်ခမ်းနားတဲ့ Fashion Show ပွဲတော်ကြီးတွေထဲက တစ်ခုဖြစ်တဲ့ Myanmar Int'l Fashion Week2018 ကို ရန်ကုန်မြို့မှာ ကျင်းပဖို့စီစဉ်နေပြီး အခမဲ့ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 အဲဒီ Fashion Show ပွဲတော်ကြီးကို Stars & Models Int'l နှင့် Star Event Production က John lwin က ၃ ကြိမ်မြောက်အနေနဲ့ ဦးစီးကျင်းပသွားမှာဖြစ်ပြီး ရန်ကုန်မြို့ ၊ ဆီဒိုးနားဟိုတယ်မှာ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 "ဖက်ရှင်ပွဲနဲ့ပတ်သက်ပြီး Wedding ပွဲတွေပဲလုပ်တာများတယ်။ ဒီမှာတော့အဲ့ဒီလိုမဟုတ်ဘဲ မတူတဲ့ပြသမှုတွေ လုပ်မယ်။ ဘယ်လိုမတူတဲ့ပြသမှုတွေလုပ်မလဲဆိုတာ လူကိုယ်တိုင်လာရောက်ကြည့်ရှုစေချင်ပါတယ်။" လို့ Stars & Models Int'l နှင့် Star Event Production က John lwin က ပြောပါတယ်။

 ဒါ့အပြင် မြန်မာနိုင်ငံရဲ့ Fashion အဆင့်အတန်းကိုလည်း နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ပြီး အသိအမှတ် ပြုနိုင်အောင် စီစဉ်တာဖြစ်တယ်လို့လည်း John lwin က ဆိုပါတယ်။

 Fashion show ရဲ့ Music ပိုင်းကိုတော့ DJ သော်သော်က တာဝန်ယူမှာဖြစ်ပြီး၊ Dancer များ၊ Stars & Model Int'l ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမှ Model ကျား၊ မ အယောက် (၁၀၀)၊ Stars & Model Int'l မှမွေးထုတ် ထားသော နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြသည့် အောင်ရဲလင်း၊ အောင်မင်းခန့်၊ ထက်အောင်ရှိုင်း၊ သီဟ၊ စည်သူဝင်း၊ တိုင်ရွန်၊ ကျော်ကိုကိုဝေ၊ မိုးဟေကို၊ အေးမြတ်သူ၊ သန္တာဗိုလ်၊ အွန်ဆိုင်း၊ နန်းခေးမာ၊ ပိုးကြာဖြူခင်၊ ယွန်းမီမီကျော်၊ Mမရာငြိမ်း၊ မေဘရဏီသော်၊ ချွန်းချွန်း၊ သျှားထွဋ်အိန္ဒြာ၊ လီလီကျော်ခိုင်၊ စင်ဒီမြတ်တို့ ပါဝင်မှာဖြစ်ပါတယ်။

 Myanmar Int'l Fashion Week2018 ပွဲတော်ကြီးမှာ မြန်မာနိုင်ငံက ထင်ရှားတဲ့ Designer တွေ အပြင် နိုင်ငံတကာက မိတ်ကပ်နဲ့ အလှ ဖန် တီးရှင် Designer တွေလည်း ပါဝင်ပြသသွားမှ ဖြစ်ပြီး ရန်ကုန်မြို့ ရွှေထွဋ်တင်ကွင်းအတွင်းမှာ ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက် နေ့အထိ ၃ ရက်တာ ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly