ဂွာတီမာလာမှာ မီးတောင်ပေါက်ကွဲလို့ ဒေသခံထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဂွာတီမာလာမှာ မီးတောင်ပေါက်ကွဲလို့ ဒေသခံထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

နိုဝင်ဘာ ၁၉ ။             ။ ဂွာတီမာလာနိုင်ငံ မြို့တော် ဂွာတီမာလာစီးတီးရဲ့ အနောက်ဘက် ကီလိုမီတာ ၅၀ အကွာမှာ ရှိတဲ့ ဖူဂို မီးတောင်ဟာ နိုဝင်ဘာ ၁၈ ရက်က ပေါက်ကွဲလာခဲ့ပြီး ယခုအခါ ပိုမို အရှိန်မြင့်လာတဲ့အတွက် အနီးအနား ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါ ဖူဂို မီးတောင်ကတော့ ပြီးခဲ့တဲ့ ငါးလအကြာကပဲ အလားတူ ပေါက်ကွဲမှုတစ်ရပ် ဖြစ်ထားခဲ့သေးပြီး ယင်းအချိန်တုန်းကတော့ လူပေါင်း ၂၀၀ နီးပါးအထိ သေဆုံးစေခဲ့သလို အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေပါ ဖြစ်ထားစေခဲ့တာဖြစ်ပါတယ်။

ယခုတစ်ကြိမ် ယင်းမီးတောင်ထပ်မံ ပေါက်ကွဲလာမှုမှာတော့ လောလောဆယ်အထိ သက်ဆိုင်ရာ အာဏာပိုင်တွေက အနီရောင် သတိပေးချက်အဆင့်တစ်ရပ် ထုတ်ပြန်ထားလိုက်ရပြီဖြစ်ပါတယ်။

လက်ရှိအဆိုပါ ဖူဂို မီးတောင် ပြန်လည်ပေါက်ကွဲလာနေမှုကြောင့် အနီးအနား ဒေသနေ ပြည်သူ ၂,၀၀၀ ကျော်ကို ဘေးလွတ်ရာ တိမ်းရှောင်ကြဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required