ရွှေ့ပြောင်းသူတွေ စီးဝင်မှုအတွက် နယ်စပ်မှာ အမေရိကန် စစ်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်အားဖြည့်ထား

ရွှေ့ပြောင်းသူတွေ စီးဝင်မှုအတွက် နယ်စပ်မှာ အမေရိကန် စစ်တပ်ဖွဲ့ဝင်တွေ ဖြန့်ကြက်အားဖြည့်ထား
Photo: AFP

လာရီဒို၊ နိုဝင်ဘာ ၁၉ ။      ။ ရွှေ့ပြောင်းသူတွေ စီးဝင်မှုကြီးအတွက် အမေရိကန်၊ တက္ကဆက်က ရီးယိုဂရန်ဒီတောင်ကြားမှာ တပ်ဖွဲ့ဝင်အား ၁၃၀၀ ကို ဖြန့်ကြက်ထားပြီး ယင်းအင်အားမှ ၁၀၀ ဝန်းကျင်ကို နယ်စပ်မြို့ လာရီဒိုမျာ အခြေစိုက်ထားပါတယ်။

အမေရိကန်နိုင်ငံတွင်းမှာ  တရားဥပဒေရေးရာ လုပ်ဆောင်ချက်တွေမှာ စစ်တပ်ကို အသုံးပြုတာ ရှိမနေတာကြောင့် ခုလို ရွှေ့ပြောင်းသူတွေ ဝင်ရောက်လာမယ့်အရေးကို ကာကွယ်ရာမှာ စစ်တပ် ဖြန့်ကြက်ထားတာဟာ ပုံမှန်မဟုတ်တဲ့ အငြင်းပွားဖွယ် လုပ်ရပ်လည်း ဖြစ်နေပါတယ်။

ခုဆိုရင် အယ်ဆာဗေဒိုက ရွှေ့ပြောင်းဝင်ရောက်သူ ၂၀၀ အသုတ်ဟာလည်း သူတို့ရဲ့ အမေရိကန်အိပ်မက်ကို ဆုပ်ကိုင်ဖို့ နယ်စပ်မှာ ရောက်ရှိပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံနေကြပါပြီ။ အမေရိကန်ကတော့ သူတို့ကို နောက်ကြောင်းပြန်လှည့်စေမယ်လို့ ကတိပြုထားပါတယ်။

ဒီ အယ်ဆာဗေဒိုအုပ်စုဟာ ပြီးခဲ့တဲ့ လကစတင်ပြီး အမေရိကန်ဆီဦးတည်လာတဲ့ ရွှေ့ပြောင်းသူတွေ စီးဝင်မှုကြီးက အုပ်စုတစ်ရပ်လည်း ဖြစ်ပါတယ်။

အမေရိကန်ရဲ့ နယ်စပ် မက္ကဆီကိုဖက်ခြမ်းက တီဂျူယာနာမြို့မှာ ဒီရွှေ့ပြောင်းသူစီးကြောင်းကြီးကို ခိုလှုံရေးစခန်းတွေဆီ မရောက်အောင် ရဲတွေက တားဆီးနေရပါတယ်။ ဒီခိုလှုံရေးစခန်းတွေမှာလည်း ဗဟိုအမေရိကမှ ရွှေ့ပြောင်းသူ ထောင်ပေါင်းများစွာ ရှိနေတာပါ။ မက္ကဆီကိုနိုင်ငံအတွက်တော့ သူတို့ကို ကျူးကျော်သူတွေအဖြစ် ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

ဟွန်းဒူးရပ်စ်က အများဆုံးဖြစ်ပြီး အယ်ဆာဗေဒိုနဲ့ ဂွါတီမာလာနိုင်ငံတို့က ရွှေ့ပြောင်းသူတွေဟာ ငတ်မွတ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့်ဆိုကာ အမေရိကန်ဆီ ဦးတည်ပြီး ပြီးခဲ့တဲ့ လကတည်းက ခြေလျင်လျှောက်လှမ်း ချီတက်လာတာဖြစ်ပြီး ခုဆို မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်မှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required