ပြင်သစ်မှာ လောင်စာဆီစျေးကြီးမြင့်မှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်လို့ လူ ၁ ဦးသေ

ပြင်သစ်မှာ လောင်စာဆီစျေးကြီးမြင့်မှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေဖြစ်လို့ လူ ၁ ဦးသေ

နိုဝင်ဘာ ၁၈ ။        ။ ပြင်သစ်နိုင်ငံမှာ လောင်စာဆီ စျေးနှုန်းတွေ ကြီးမြင့်မှုအပေါ် မကျေနပ်လို့ လူပေါင်း သုံးသိန်းနီးပါးလောက်ဟာ နိုင်ငံတစ်ဝန်းက လမ်းမတွေပေါ် ထွက်ပြီး
ဆန့်ကျင်ချီတက်ဆန္ဒပြပွဲတွေ ပြုလုပ်နေကြလျက် ရှိပါတယ်။

လူသိန်းချီ ပါဝင်တဲ့ အဆိုပါ ချီတက်ဆန္ဒထုတ်ဖော်ပွဲတွေမှာ ရဲနဲ့ ဆန္ဒပြသမားတွေ ထိပ်တိုက်တွေ့မှုတွေဖြစ်လို့ တစ်ဦး သေဆုံးကာ လူ ၂၀၀ ကျော် ထိခိုက်ဒဏ်ရာတွေ ရရှိသွားကြပါတယ်။

အဆိုပါ ဆန္ဒပြပွဲတွေမှာ အမျိုးသမီး ဆန္ဒပြသူတစ်ဦး မတော်တဆ သေဆုံးသွားတယ်လို့ သိရပါတယ်။ ယခုအချိန်ထိ ဒဏ်ရာရသူ ၂၀၀ ကျော်အနက် ခုနစ်ဦးက ဒဏ်ရာပြင်းထန်ကြောင်းနဲ့ ဆန္ဒပြသူ ၅၂ ဦးကိုလည်း ထိန်းသိမ်းထားကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“အဝါရောင် အကျီ” စုရုံးချီတက်ပွဲလို့ ခေါ်တဲ့ ယင်းဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေဟာ မြင်နိုင်စွမ်း မြင့် ဂျက်ကက်အကျီတွေ ဝတ်ဆင်ထားကြပြီး ကားလမ်းတွေ၊ လမ်းဆုံံလမ်းခွတွေကို ပိတ်ဆို့တားဆီးပြီး ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။

သမ္မတ အီမန်နျူရယ် မက်ခရွန်ဟာဆိုရင် ပြည်သူတွေကို စွန့်ပယ်ထားကြောင်း၎င်းဆန္ဒပြသမားတွေက စွပ်စွဲထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required