ငွေဆောင်ရွက်လှေပြိုင်ပွဲတွင် ထိုင်းအသင်း ရွှေတံဆိပ်ဆုများ ဆွတ်ခူး

By စည်သူမောင်မောင်မောင်
17 November 2018
ငွေဆောင်ရွက်လှေပြိုင်ပွဲတွင် ထိုင်းအသင်း ရွှေတံဆိပ်ဆုများ ဆွတ်ခူး

ပုသိမ်၊ နိုဝင်ဘာ ၁၇ ။           ။ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေတွင် ကျင်းပနေသော 2018 Optimist Asian & Oceanian Championship ရွက်လှေပြိုင်ပွဲတွင် အသင်းလိုက်နှင့် တစ်ယောက်ချင်း ပြိ်ုင်ပွဲများ၌ ထိုင်းအသင်းမှ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။

"အဖြေတွေအရ မြန်မာအသင်းက အဲဒီလောက်မကောင်းဘူးပေါ့၊ colorတော့မချိတ်ပါဘူး။ကျွန်တော် ဘာ ယုံကြည်ရလည်းဆိုတော့ ၃နှစ်နဲ့၅နှစ်ကြားထဲမှာအကောင်းဆုံးရွက်လှေအားကစားသမားတွေ ငွေဆောင် ရွက်ကလပ်က ထုတ်မှာပါ။ အဲဒါတော့ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။ ဒီနှစ်ပွဲမှာ ယိုးဒယားက အကုန်သိမ်းသွားတာပေါ့။ ကျွန်တော် ဝမ်းလည်းဝမ်းသာတဲ့ ဂုဏ်လည်းဂုက်ယူတဲ့ ကမ္ဘာ့ချန်ပီယံတွေ မြန်မာပြည်ဘေးနားမှာရှိတယ်”ဟု မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဦးဖုန်းကျော်မြင့်က ပြောသည်။

2018 Optimist Asian & Oceanian Championship (OAOC)အသင်းလိုက်ရွက်လှေပြိုင်တွင်် ပထမဆုကို ထိုင်းနိုင်ငံ၊ဒုတိယဆုကို - တရုတ်နို်င်ငံ၊တတိယဆုကို စင်ကာပူနိုင်ငံတို့က ရရှိခဲ့ပြီး တစ်ဦးချင်း ရွက်လှေ ပြိုင်ပွဲ တွင် ထို်င်းနိုင်ငံမှ PANWA BOONNAK က ပထမ၊ ထို်င်းနိုင်ငံမှ JEDTAVEE YONGYUENNARN က ဒုတိယ၊ တရုတ်နိုင်ငံမှ GANG SIYI က တတိယ အသီးသီးရရှိခဲ့သည်။

“အချိန်တော့ နည်းနည်းပေးရမှာပေါ့ မြန်မာအသင်းက အသက်အငယ်ဆုံးအသင်း တစ်သင်းလည်း ဖြစ်တယ်။ အတွေ့အကြံူသိပ်မရှိသေးပါဘူး။ တချိုကလေးတွေဆို ဆီးဂိမ်းနှစ်ပွဲတောင် မှီသေးတယ်။ကလေးတွေ ၁၁နှစ် ၁၂နှစ်ဘဲရှိသေးတယ်။ အကောင်းဆုံးဖြစ်အောင်လုပ်မယ်” ဟု ဦးဖုန်းကျော်မြင့်က ဆက်ပြောသည်။

မြန်မာနိုင်ငံမှ ထိပ်တန်းအမျိုးသားရွက်လှေအားကစားသမား ၃ ဦးကို ရွေးချယ်ခဲ့ရာ၊ပထမဆုကို ထက်လင်းဇော်၊ ဒုတိယဆုကို စည်သူဟိန်း၊တတိယဆုကို လွင်ကိုုကိုထက် တို ့ကရရှိခဲ့သည်။ထို့အပြင် ငွေရောင် ရွက်လှေအဖွဲ့ (Silver Fleet) မှ ရွေးချယ်ခံရသော ရွက်လှေအားကစားသမားများမှာ (ကျား/မ ခွဲခြားခြင်းမရှိ၊ နေရပ်ဒေသပေါ် မူတည်ရှိခြင်းမရှိ) ပထမဆုကိုစင်ကာပူ နိုင်ငံမှ  POH YONG LER ၊ဒုတိယဆုကို ဟောင်ကောင်မှ SEAN IAN LIU ၊တတိ်ယဆုကို နယူးဇီလန် နိုင်ငံမှ THOMAS PILKNGTON တို့က ရရှိခဲ့ပြီး Oceania ထိပ်တန်း ရွက်လှေ အားကစားသမား ၃ ဦး (ကျား/မ ခွဲခြားခြင်းမရှိ)အဖြစ် ပထမဆုကို နယူးဇီလန်နိုင်ငံမှ SEAN SUN ၊ဒုတိယဆု ကိုနယူးဇီလန်နိုင်ငံမှ  NOAH MALPOT နှင့် တတိယဆုကို သြစတေးလျနိုင်ငံမှ JOEL BEASHEL တို ့က ရရှိခဲ့သည်။

ထို့အပြင် အာရှထိပ်တန်း ရွက်လှေအားကစားသမား ၃ ဦးကို ကျား/မ ခွဲခြားခြင်းမရှိဘဲ ရွေးချယ်ခဲ့ရာ ပထမဆုကို ထိုင်းနိုင်ငံမှ PANWA BOONNAK ၊ ဒုတိယဆုကို ထိုင်းနိုင်ငံမှ JEDTAVEE YOUNGYUENNARN နှင့် တတိယဆုကို တရုတ်နိုင်ငံမှ GANG SIYI တို့ကရရှိပြီး၊ အမျိုးသမီး ရွက်လှေအားကစားဆုများအဖြစ် ပထမ ဆုကို တရုတ်နိုင်ငံမှ  GANG SIYI ကလည်းကောင်း၊ဒုတိယဆုကို ထိုင်းနိုင်ငံမှ CHALISA KRITTANAI က လည်းကောင်း၊ တတိယဆုကို စင်ကာပူနိုင်ငံမှ  FAITH HAILEY TOH တို့ကရရှိခဲ့ပြီး၊ ထိပ်တန်း ရွက်လှေ အားကစားသမား ၃ဦးအဖြစ် ပထမဆုကို ထိုင်းနိုင်ငံမှ PANWA BOONNAK ကရရှိပြီး ဒုတိယဆုကိုလည်း ထိုင်းနိုင်ငံမှ JEDTAVEE YONGYUENNARN ကရရှိကာ  တတိယဆုကို တရုတ်နိုင်ငံက GANG SIYI တို ့က ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၆ နိုင်ငံမှ ရွက်လှေကစားသမားစုစုပေါင်း ၁၂၉ ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်နိုင်ငံအများစုသည် အာရှနှင့် ပစိဖိတ်သမုဒ္ဒရာဒေသမှဖြစ်ကာ သြစတေးလျ၊ တရုတ်၊ ဖီဂျီ၊ ဟောင် ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် မြောက် အမေရိကမှ ကနေဒါ၊ အမေရိကန်တ်ို့ ပါဝင်ကြကြောင်း သိရသည်။

2018 Optimist Asian & Oceanian Championship ပြိုင်ပွဲသည် ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ်၏ အသိအမှတ်ပြု နိုင်ငံတကာ သက်ငယ်တန်းရွက်လှေပြိုင်ပွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမှ လူငယ်ရွက်လှေ အားကစားသမားများ အတွက်လည်း အလွန်ကောင်းမွန်သော အတွေ့အကြုံများရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုုင်ငံ ရွက်လှေ အဖွဲ့ချုပ်အနေဖြင့် ရွက်လှေအားကစားကို လူအများစိတ်ဝင်စားလာစေရေး၊ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်များ ခိုုင်မာလာစေရန် တည်ဆောက်နိုင်ရေးနှင့် ရွက်လှေအားကစားဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အထောက်အပံ့များ ပိုမိုတိုးတက်လာစေရေးတို့ကို ရည်ရွယ်၍ ယခုကဲ့သို့ နိုင်ငံတကာပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ Ngwe Saung Yacht Club & Resort တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သည့် 2018 Optimist Asian and Oceanian Championship ပြိုင်ပွဲကို နိုဝင်ဘာလ ၁၂ရက်နေ့မှ နိုဝင်ဘာလ၁၆ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ ၁၆ ရက် ညနေပိုင်းတွင် 2018 Optimist Asian & Oceanian Championship (OAOC) ရွက်လှေ ပြိုင်ပွဲ ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို Ngwe Saung Yacht Club & Resort ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly