ကမ္ဘောဒီးယားတွင် အနိမ့်ဆုံးလစာတိုးမြှင့်ရေးအတွက် အထည်ချုပ်အလုပ်သမားများ တောင်းဆို

ကမ္ဘောဒီးယားတွင် အနိမ့်ဆုံးလစာတိုးမြှင့်ရေးအတွက် အထည်ချုပ်အလုပ်သမားများ တောင်းဆို

ဖနွမ်းပင်၊ စက်တင်ဘာ ၂၆ ။        ။ ကမ္ဘောဒီးယားနိုင်ငံ အထည်ချုပ်လုပ်ငန်းမှ သိန်းနှင့်ချီသော အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခ လစာတိုးမြှင့်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများကို မြို့တော်ဖနွမ်းပင်တွင် စက်တင်ဘာ ၂၅ ရက်က စတင်ဆွေးနွေးလျက်ရှိသည်။

အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၊ ထုတ်လုပ်သူများနှင့် အလုပ်သမားဝန်ကြီးဌာမှ တာဝန်ရှိသူ ၂၈ ဦးပါဝင်သည့် အလုပ်သမားအကြံပေးကော်မတီက အနိမ်ဆုံးလက်ရှိလုပ်ခလစာအား ယခုလက်ရှိနှုန်း ထက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀ ခန့် တိုးမြှင့်တောင်းဆိုရန် ပြင်ဆင်လျက်ရှိသည်။

အလုပ်သမားတို့၏ လက်ရှိအနိမ့်ဆုံးအခြေခံလစာသည် ၁၂၈ ဒေါ်လာဖြစ်ပြီး အလုပ်သမားသမဂ္ဂများ အကြားတွင် လစာအား ၁၅၈ ဒေါ်လာ၊ ၁၆၆ ဒေါ်လာသို့မဟုတ် ၁၇၈ ဒေါ်လာ စသည်ဖြင့် သတ်မှတ်ရန် အယူအဆကွဲလွဲလျက်ရှိသည်။

ကမ္ဘောဒီးယားအထည်ချုပ်လုပ်ငန်းတွင် ဝန်ထမ်း ခုနစ်သိန်းခန့်ရှိနေပြီး အများစုသည်အမျိုးသမီးများဖြစ်သည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လ ၅ဘီလျံရှိသော အထည်ချုပ်ကဏ္ဍသည် ကမ္ဘောဒီးယား တွင်အကြီးမားဆုံး တရားဝင်စက်မှုလုပ်ငန်းဖြစ်ပြီး နိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် ၈၀ ရာခိုင်နှုန်းခန့်ရှိပြီး လုပ်ခလစာ အနည်းဆုံးလည်းဖြစ်သည်။

လာရောက်အပ်နှံသည့် ကမ္ဘာကျော်အမှတ်တံဆိပ်အထည်များတွင်လည်း Adida၊ Puma၊ Armani၊ H&M နှင့် Gap တို့ပါဝင်သည်။

ကမ္ဘောဒီးယာအလုပ်သမားဝန်ကြီးဌာနက ယမန်နှင့်နိုဝင်ဘာလအတွင်းက အနိမ့်ဆုံးလုပ်ခလစာကို ဒေါ်လာ ၁၀၀ မှ  ၁၂၈ ဒေါ်လာသို့ တိုးမြှင့်ပေးခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်းက သမဂ္ဂတစ်ခုစီတွင် အထည်ချုပ်အလုပ်သမား ၆၀ ရာခိုင်နှုန်းပါဝင်ပြီး သမဂ္ဂခေါင်းဆောင်များမှာလည်း အမျိုးသမီးများဖြစ်သည် နိုင်ငံတွင်းအလုပ်သမားသမဂ္ဂ ၃၀၀၀ ခန့်ရှိသည့်အနက် ၂၇၀၀ ခန့်သည် အထည်ချုပ်အလုပ်သမားများ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly