ဇင်ဘာဘွေမှာ ခရီးသည်တင်ဘတ်စ်ကား ဂတ်စ်အိုးပေါက်ကွဲ၍ လူ ၄၀ ကျော် သေဆုံး

ဇင်ဘာဘွေမှာ ခရီးသည်တင်ဘတ်စ်ကား ဂတ်စ်အိုးပေါက်ကွဲ၍ လူ ၄၀ ကျော် သေဆုံး
Photo: EPA-EFE

ဟာရာရီ၊ နိုဝင်ဘာ ၁၇ ။     ။ ဇင်ဘာဘွေနိုင်ငံမှာ  ခရီးသည်တင်ဘတ်စ်ကားတစ်စီး ဂတ်စ်အိုးပေါက်ကွဲပြီး လူ ၄၂ ဦးသေဆုံးကြောင်း ရဲက သောကြာနေ့မှာ ပြောပါတယ်။

တောင်အာဖရိကနယ်စပ်နဲ့ ဇင်ဘာဘွေရဲဲ့ ဒုတိယအကြီးဆုံး ဘူလာဝါယိုမြို့ကြားက အဝေးပြေးလမ်းပေါ်မှာ ဒီယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။ ဇင်ဘာဘွေရုပ်သံလွှင့်ဌာနက ပေါက်ကွဲမှုကြောင့် ပျက်စီးနေတဲ့ ဘတ်စ်ကား ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါတယ်။

“ခုထိတော့ ၄၂ ဦး သေဆုံးပြီလို့ သိထားရတယ်။”လို့ ကြာသပတေးနေ့ နှောင်းပိုင်းက ဒီဖြစ်ရပ်ကို ရဲဌာန ပြောခွင့်ရအမျိုးသမီး ချာရမ်ဘာက ပြောပါတယ်။

ဒီဘတ်စ်ကား ပေါက်ကွဲမှုဟာ ခရီးသည်တစ်ဦး တင်ဆောင်လာတဲ့ မီးဖိုချောင်သုံး ဂတ်စ်ဘူး ပေါက်ကွဲမီးလောင်ရာက ဖြစ်ပွားတာဖြစ်နိုင်တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ဆိုပါတယ်။

“ကျွန်မတို့ရဲတွေ ဖြစ်ပွားရာဆီ ရောက်နေပါပြီ။”လို့ ချာရမ်ဘာက ပြောခဲ့ပါတယ်။

နိုင်ငံပိုင်  Herald သတင်းစာက ဂတ်စ်အိုးပေါက်တာဖြစ်ပြီးနိုင်ပြီး အဲဒီပေါက်ကွဲမှုကနေ ဘတ်စ်ကားကို မီးလောင်တာဖြစ်ကြောင်း ရေးသားဖော်ပြပါတယ်။

“တော်တော်များများ သေဆုံးကြောင်း၊ မီးလောင်ဒဏ်ရာရသူတွေလည်း ရှိနေကြောင်း”ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly