ရွှေ့ပြောင်းလူအုပ်ကြီး ရောက်ရှိလာပြီဖြစ်တာကြောင့် မက္ကဆီကိုနဲ့ နယ်စပ်တံတိုင်းကို အမေရိကန် ပိုမိုအားဖြည့်

ရွှေ့ပြောင်းလူအုပ်ကြီး ရောက်ရှိလာပြီဖြစ်တာကြောင့် မက္ကဆီကိုနဲ့ နယ်စပ်တံတိုင်းကို အမေရိကန် ပိုမိုအားဖြည့်

နယူးယောက်၊ နိုဝင်ဘာ ၁၆ ။        ။ ဗဟိုအမေရိကမှ ရွှေ့ပြောင်းသူ စီးဝင်မှုကြီးဟာ မက္ကဆီကိုနယ်စပ်ဆီ ရောက်ရှိလာပြီ ဖြစ်တာကြောင့် အမေရိကန်ဖက်မှာ နယ်စပ်တံတိုင်းကို ပိုမိုတောင့်တင်းအောင် အလုပ်သမားတွေဟာ အားဖြည့်လုပ်ကိုင်နေရလျက် ရှိနေပြီဖြစ်ပါတယ်။

အမေရိကန်ဆီ ဦးတည်လာတဲ့ ခရီးရှည် ချီတက်လာတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ စီးဝင်မှုကြီးဟာ ကြာသပတေးနေ့မှာတော့ အမေရိကန်-မက္ကဆီကို နယ်စပ်ဆီ စုပြုံရောက်လာတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယ်စပ်မှှာ စစ်တပ်အင်အား ထောင်ပေါင်းများစွာ ဖြန့်ကြက်ထားတာကို မမူတဲ့ ဒီရွှေ့ပြောင်းလူအုပ်ကြီးဟာ တစ်လကြာ ခရီးနှှှင်ရင်း ခုလို နယ်စပ်ကို ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဒီယာဂိုမြို့နဲ့ မျက်နှာချင်းဆိုင်မှာ ရှှိတဲ့ မက္ကဆီကိုက တီဂျူယာနာမြို့မှာ ဘတ်စ်ကား ၂၂ စီးနဲ့ ရွှေ့ပြောင်းသူပေါင်း ၈၀၀ နီးပါး ရောက်ရှိလာပါတယ်။

ဒီမြို့ဆီကိုပဲ ကိုယ်ပိုင်ပစ္စည်းပစ္စယ ဝန်စည်စလွယ်တွေကို သယ်ပိုးလို့ အဝေးပြေးလမ်းတစ်လျှောက်ကနေ လမ်းလျှောက်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းသူ စီးကြောင်းကြီးဟာလည်း ရောက်ရှိလာပြီ ဖြစ်ပါတယ်။

၎င်းတို့မတိုင်မီ ရက်အနည်းငယ်အကြာက ရောက်ရှိနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၇၅၀ ကျော် အုပ်စုနဲ့ ခုဆိုရင် ပေါင်းစည်းမိသွားပြီဖြစ်ပြီး အင်အားက ၅၅၀၀ ခန့် ရှိနေနိုင်ပါတယ်။ နောက်ထပ်လည်း ဒီမြို့ဆီ ရွှေ့ပြောင်းဝင်ရောက်သူတွေ ရောက်ရှိလာဖို့ ရှိနေပါတယ်။

အမေရိကန်နယ်စပ်မှာကတော့ စစ်တပ်အင်အား ၆၀၀၀ နီးပါးကို တပ်ဖြန့်ချထားပြီး ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်က အများဆုံးဖြစ်ပြီး အယ်ဆာဗေဒိုနဲ့ ဂွါတီမာလာတို့ကပါ ပါဝင်တဲ့ ဒီရွှေ့ပြောင်းဝင်ရောက်သူ စီးကြောင်းကြီးဟာ ၎င်းတို့နိုင်ငံမှာ ဆင်းရဲငတ်မွတ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် အမေရိကန်ဆီ ဦးတည်လာကြတာဖြစ်ကြောင်း ပြောကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly