နည်းပညာမြင့် လက်နက်သစ်တစ်ခုကို မြောက်ကိုရီးယားတို့ စမ်းသပ်

နည်းပညာမြင့် လက်နက်သစ်တစ်ခုကို မြောက်ကိုရီးယားတို့ စမ်းသပ်

နိုဝင်ဘာ ၁၆ ။           ။ နည်းပညာမြင့် ဗျူဟာမြောက် စစ်လက်နက်သစ်တစ်ခုကို မြောက်ကိုရီးယားတို့ အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး ခေါင်းဆောင်ကြီး ကင်မ်ဂျုံအန်းကိုယ်တိုင် လာရောက် ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ယခု စမ်းသပ်တဲ့ လက်နက်အမျိုးအစားကိုတော့ KCNA သတင်းအေဂျင်စီက အတိအကျ အသေးစိတ်ထုတ်ပြန်ခြင်းမရှိခဲ့ဘဲ  ယင်းကိုတော့ ကာလကြာ အချိန်ယူ တည်ဆောက်ခဲ့ရတယ်ဆိုပြီးတော့ပဲ ပြောသွားပါတယ်။

ဒါဟာ တစ်နှစ်အတွင်း စစ်လက်နက်တွေနဲ့ပတ်သက်လို့ မြောက်ကိုရီးယားတို့ ပထမဆုံး တရားဝင်ထုတ်ဖော်လာမှုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက မစ္စတာ ကင်မ် နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့ သမိုင်းဝင်တွေ့ဆုံခဲ့ရာမှာတော့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ အသေးစိတ် အစီအစဉ်တစ်ခုတော့ ထွက်ရှိလာခြင်း မရှိသေးပါဘူး။

ယခုလို စစ်လက်နက်သစ် စမ်းသပ်တယ်ဆိုပြီး ထုတ်ဖော်မှုကတော့ လက်ရှိ ကိုရီးယားကျွန်းဆွယ် နျူကင်းစင်ရေး ဆွေးနွေးမှုတွေကို သွေးဆူသွားစေဖွယ် ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required