" မှော်ဝင်သမန်းကျား" ရုပ်ရှင်ကြောင့် ပရိုဂျူဆာနေရာမှာ ရပ်တည်နိုင်ခွင့်ရသွားတဲ့ ခွန်းဆင့်နေခြည်

" မှော်ဝင်သမန်းကျား" ရုပ်ရှင်ကြောင့် ပရိုဂျူဆာနေရာမှာ ရပ်တည်နိုင်ခွင့်ရသွားတဲ့ ခွန်းဆင့်နေခြည်

ရန်ကုန်၊နိုဝင်ဘာ   ၁၆ ။          ။ လက်ရှိရုံတင်ပြသနေတဲ့" မှော်ဝင်သမန်းကျား" ရုပ်ရှင်ဇာတ်ကားကြီးဟာ အဆင့်အတန်းမှီမြန်မာ့ရုပ်ရှင် ဇာတ်ကားကြီးအနေနဲ့ အားပေးလက်ခံမှုရရှိနေပြီး၊ ဒီဇာတ်ကားကို ဖန်တီးပြီးတဲ့နောက်မှာ သရုပ်ဆောင် အနေအထားကနေ ရုပ်ရှင်ထုတ်လုပ်ရေးအပိုင်းမှာပါ နိုင်နိုင်နင်းနင်းကိုင်တွယ်လာနိုင်သူ တစ်ယောက် ဖြစ်လာတယ်လို့ သရုပ်ဆောင်ခွန်းဆင့်နေခြည်က ပြောပါတယ်။

" မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီးမရိုက်ကူးခင်က သရုပ်ဆောင်တစ်ယောက်သာလုပ်တဲ့ ခွန်းဆင့်နေခြည်က အခုအချိန်မှာ Production ပိုင်းကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်တဲ့ ပရိုဂျူဆာ တစ် ယောက်နေရာမှာ ရပ်တည်နိုင်ခွင့် ရသွားတယ်။ အဲဒီအတွက် ရုပ်ရှင်ကားတစ်ကားနဲ့ပတ်ပြီး နည်းပညာ ပိုင်းဆိုင်ရာတွေကို ဘယ်လိုဖန်တီးရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို အစအဆုံးနားလည်သွား တယ်။ ဒီဇာတ်ကားကို အခြေပြုပြီး တတ်သွားတဲ့အတွက်ကို မှော်ဝင်သမန်းကျားဇာတ်ကားကို ကျေးဇူး တင်ပါတယ်။ လုပ်ပိုင်ခွင့်ပေးလိုက်တဲ့ ဒါရိုက်တာကြီးကိုလည်း ကျေးဇူးတင်ပါတယ်။" လို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ပြောပါတယ်။

ဒီရုပ်ရှင်ဟာ မှော်ဝင်နေတဲ့ သမန်းကျားမတစ်ကောင်ရဲ့ မိခင်မေတ္တာကို ထူးခြားဆန်းကြယ်စွာ ရိုက်ကူး ပုံဖော် ထားတာဖြစ်ပါတယ်။ မှော်ဝင်သမန်းကျားရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခွန်းဆင့်နေခြည်ဟာ တကယ့် ကျားအစစ် တွေနဲ့ သရုပ်ဆောင်ထားသလို ထိုင်းနိုင်ငံအထိ သွားရောက်ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အချိန် ၄ နှစ်ကျော် ရိုက်ကူးထားပြီး စင်္ကာပူနဲ့ထိုင်းနိုင်ငံတို့ကိုလည်း မကြာခင်သွား ရောက်ပြသ ဖို့ရှိတယ်လို့လည်း သိရပါတယ်။

" မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီး ရိုက်စဉ်ကတည်းကိုက အမြတ်တွေရပါစေဆိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဇာတ်ကားက အများကြီးရင်းနှီးစိုက်ထုတ်ထားတာ ဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့မှ အမြတ်အများကြီးပြန်မရနိုင်ဘူး။ အရင်းမကြေရင်တောင် ကျေနပ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ခွန်းဆင့်က အနုပညာကိုချစ်ပြီးတော့ ပရိတ်သတ်ကို တလေးတစား နဲ့ ကောင်းမွန်မွန်၊ ရုပ်အားအသံ အားကောင်းကောင်း ဇာတ်လမ်းတစ်ခုကို ဖန်တီးပေးတာ။ အခုလည်း ပရိတ်သတ်အသံက အကောင်းတွေ ဖြစ်တဲ့အတွက် အတိုင်းမသိဝမ်းသာတယ်။ စင်္ကာပူနဲ့ထိုင်းနိုင်ငံ တို့ကိုလည်း သွားရောက်ပြသဖို့ စီစဉ်နေတယ်။" လို့ သရုပ်ဆောင် ခွန်းဆင့်နေခြည်က ဆက်ပြောပါတယ်။

ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးက နေခြည်ဇော်မင်းစီစဉ်ထုတ်လုပ်ပြီး ဇာတ်ညွှန်း ထူးနွယ်အိမ်၊ ဇာတ်လမ်းနှင့် ဒါရိုက်တာအကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးတဲ့ " မှော်ဝင်သမန်းကျား" ရုပ်ရှင် ဇာတ်ကားကြီးမှာ သရုပ်ဆောင်ရန်အောင်၊မင်းမော်ကွန်း၊သူထူးစံ၊စိုးမြတ်သူဇာ၊လင်းဇာနည်ဇော်၊ ခွန်းဆင့့်နေခြည်နဲ့ အခြား သရုပ်ဆောင်များပါဝင်သရုပ်ဆောင်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly